တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၌ ရေဘေးကြောင့် သေဆုံးသူ ၇၃ ဦးအထိ ရှိလာ

PUBLISHED - July 29, 2021
နိုင်ငံတကာ၊ ဇူလိုင် ၂၉ (People Media)
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်ပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေမှာ ၇၃ ဦးအထိ ရှိလာခဲ့ကြောင်း ပြည်နယ်အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ပြောကြားသည်။
ဇူလိုင်လ ၁၆ ရက်နောက်ပိုင်း ရေကြီးရေလျှံမှုများကြောင့် ယနေ့နေ့လည်ပိုင်းအထိ စီရင်စုအဆင့် ဒေသ ၁၅၀ တွင် ပြည်သူ ၁၃ ဒသမ ၆ သန်း ရေဘေးသင့်ခဲ့သည်။
သီးနှံစိုက်ခင်း ဟက်တာ ၁ ဒသမ ၀၂ သန်းကျော် ပျက်စီးခဲ့ရပြီး နေအိမ် ၇၈၄၂၀၀ အိမ် ပြိုကျခဲ့ရကြောင်း အစိုးရ၏ တရားဝင်အချက်အလက်များက ဖော်ပြခဲ့သည်။
ရေကြီးရေလျှံမှုများကြောင့် အဆိုပါဒေသများနေ ပြည်သူစုစုပေါင်း ၁ ဒသမ ၄၇ သန်းအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။
ဟီနန်ပြည်နယ်တစ်လျောက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
Ref; Death toll rises to 73 in China’s rain-hit Henan
#PeopleMedia #EPN #international #တရုတ် #သဘာဝဘေး
(unicode)
………………………………………………………….
Ref; Death toll rises to 73 in China’s rain-hit Henan