တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၌ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ရှစ်ဦး ဒဏ်ရာရရှိပြီး သုံးဦး ပျောက်ဆုံး

PUBLISHED - January 26, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သော ဒါလီယန်မြို့၌ ယနေ့နံနက်ပိုင်းက ဓာတ် ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရအာ ဏာပိုင်များက ပြောသည်။
ဒါလီယန်မြို့ ကျင်ကျိုးခရိုင်ရှိ လူနေဧရိယာတစ်ခုအနီး ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်၌ ပေါက် ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မှန်ပြတင်းပေါက်များမှ လွင့်လာသောမှန်စများကြောင့် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း မီးတောက်ကို ငြှိမ်းသတ် နိုင်ခဲ့ပြီဟု သိရသည်။
ကနဦး စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ကိုးကား – ပီတီအိုင်
Ref; 8 injured, 3 missing in gas pipeline explosion in China
(unicode)
………………………………………………….
Ref; 8 injured, 3 missing in gas pipeline explosion in China