တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဓားကိုင်တိုက်ခိုက်မှုကြောင့် ခုနှစ်ဦး သေဆုံး

PUBLISHED - December 29, 2020
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ယမန်နေ့နံနက်ပိုင်းက ဓားကိုင်တိုက်ခိုက်သူများကြောင့် လူခုနှစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
လျောင်နင်းပြည်နယ် ကိုင်ယွမ်မြို့၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း လူခုနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း စီစီတီဗွီရုပ်သံဌာနက ဖော်ပြသည်။
ယန်ဟုဆိုသူ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က တိုက်ခိုက်မှုဖြစ်ပွားရသော အကြောင်းရင်း ကို စုံစမ်းစစ်ဆေးနေကြောင်း ကိုင်ယွမ်မြို့တော် ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
ဒဏ်ရာရရှိသူများတွင် ရဲအရာရှိတစ်ဦး ပါဝင်ကြောင်း သိရသည်။ ဇွန်လအတွင်း တရုတ်နိုင်ငံအနောက် တောင်ပိုင်း ကွမ်စီးဒေသရှိ မူကြိုကျောင်းတစ်ခု၌ ဓားကိုင်တိုက်ခိုက်သူတစ်ဦးကြောင့် ကလေးငယ် ၃၇ ဦး အပါအ ဝင် လူ ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ချုံကျင်းမြို့ရှိ မူကြိုကျောင်းတစ်ကျောင်း၌ အမျိုးသမီးတစ်ဦးက ဓား ဖြင့်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလတွင် ရှန်းဇီးပြည်နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်း၌ အသက် ၂၈ နှစ်အရွယ် လူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ကလေးငယ်ကိုးဦး သေဆုံးခဲ့ပြီး တိုက်ခိုက်သူအား သေဒဏ်ပေးခဲ့သည်။
၂၀၁၇ ခုနှစ်ကလည်း လူတစ်ဦးက မူကြိုကျောင်းတစ်ကျောင်း၏ နံရံပေါ်ကျော်တက်ကာ ဓားဖြင့် တိုက် ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်ရပ်များကြောင့် တရုတ် ပညာရေးဝန်ကြီးဌာနက လုံခြုံရေးတိုးမြှင့်ရန်နှင့် ကျောင်းများအတွင်း လူစိမ်းဝင်ရောက်မှု ပိတ်ပင်ရန် စာသင်ကျောင်းများသို့ ညွှန်ကြားခဲ့သည်။
ကိုးကား – စီအင်န်အင်န်
Ref; Seven killed in knife attack in northeast China
(unicode)
……………………………………………..
Ref; Seven killed in knife attack in northeast China