တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲကို အမေရိကန်မှ တရား ဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်မဟုတ်

PUBLISHED - December 8, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)
တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ လာမည့် ဆောင်းရာသီ ၂၀၂၂ ပေကျင်းအိုလံ ပစ်ပြိုင်ပွဲသို့ တရားဝင်ကိုယ်စားလှယ် အမေရိကန်သံတမန်များ စေလွှတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အနောက်ပိုင်း ရှင်ကျန်းဒေသရှိ မွတ်စလင်ဝီဂါများအပေါ် ပေကျင်း၏ ပြုမူဆက်ဆံမှုကို ကန့် ကွက်သည့်အနေဖြင့် သံတမန်ရေးရာအရ အမေရိကန်သပိတ်မှောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပေကျင်း၌ လာမည့်ဆောင်းရာသီတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်အားကစားပြိုင်ပွဲအား သံတမန်ရေးရာအရ အမေရိကန် သပိတ်မှောက်မည်ဆိုပါက ပြတ်သားသော တန်ပြန်အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု တရုတ် အစိုးရက ပြန်လည်ပြောဆိုထားသည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးက အမေရိကန်၏ သပိတ်မှောက်မှုသည် နိုင်ငံရေးခြယ်လှယ်မှုတစ်ခုသာဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ အမေရိကန်နိုင်ငံရေးသမားတွေကို ဖိတ်ကြားထားခြင်းမရှိသဖြင့် ပေကျင်း၌ ကျင်းပပြု လုပ်မည့် အိုလံပစ်ပြိုင်ပွဲကို ထိခိုက်စေမည်မဟုတ်ကြောင်း ပြောဆိုထားသည်။
အမေရိကန်သမ္မတ Biden နှင့် တရုတ်ခေါင်းဆောင် Xi Jinping တို့ ပြီးခဲ့သည့်လက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပြီး ဆက်ဆံရေးတည်ငြိမ်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းဆွေးနွေးပွဲပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်သည်။
ဝလုံး
ကိုးကား – ရိုက်တာ
Ref; U.S. officials to boycott Beijing Olympics over rights ‘atrocities’
#PeopleMedia #နိုင်ငံတကာ
(unicode)
………………………………………………………
Ref; U.S. officials to boycott Beijing Olympics over rights ‘atrocities’