တ႐ုတ္နဲ႔ နယ္စပ္တင္းမာမႈျမင့္တက္ေနခ်ိန္ ကတ္႐ွ္မီးယား ေတာင္ပိုင္းမွာ အေရးေပၚေလယာဥ္ဆင္း ကြင္း အိႏၵိယစတင္ေဆာက္ လုပ္
PUBLISHED - June 4, 2020
နယူးေဒလီ၊ ဇြန္ ၄
ႏိုင္ငံေျမာက္ပိုင္းက တ႐ုတ္-အိႏိၵယ အမွန္တကယ္ထိန္းခ်ဳပ္နယ္ေျမမ်ဥ္းမွာ ထိပ္တိုက္ရင္ဆိုင္မႈေတြ႐ွိေနခ်ိန္ အိႏၵိယအမ်ိဳးသားအေ၀းေျပးအာဏာပိုင္အဖြဲ႕ NHAI က ကတ္႐ွ္မီးယားေဒသေတာင္ပိုင္း ဆရင္နာဂါ-ဂ်မူး အမ်ိဳးသားလမ္းမႀကီးမွာ အေရးေပၚေလယာဥ္ဆင္းကြင္းတစ္ကြင္းတည္ေဆာက္ေနပါတယ္။
ဒါေပမဲ့ အဲဒီေလယာဥ္ကြင္းဟာ တ႐ုတ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ေနတာနဲ႔မဆိုင္ဘဲ အရင္ကတည္းက ခြင့္ျပဳၿပီးသား စီမံကိန္းေဟာင္းတစ္ခုျဖစ္တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။ လမ္းမသစ္ေဘးနားမွာ ေဆာက္လုပ္ေရးစ ေနတာပါ။ စီမံကိန္းမွာ ၃.၅ ကီလိုမီတာ႐ွိတဲ့ အေရးေပၚေလယာဥ္ဆင္းကြင္းတစ္ကြင္း တည္ေဆာက္ေနတာ ပါ၀င္တယ္လို႔ NHAI အရာရွိတစ္ေယာက္ကေျပာပါတယ္။
“ကတ္႐ွ္မီးယားမွာ အမ်ိဳးသားလမ္းမသစ္ေဖာက္ေနကတည္းက စီစဥ္ထားတာပါ။ COVID-19 အလံုပိတ္ကန္႔ သတ္မႈေတြေၾကာင့္ လုပ္ငန္းေစာေစာမစႏိုင္ျဖစ္ေနတာ” လို႔ အဲဒီအရာ႐ွိကေျပာပါတယ္။
ေျမခင္းတဲ့လုပ္ငန္းေတြ အင္ျပည့္အားျပည့္လုပ္ေနၿပီး ေဆာက္လုပ္ေရးမွာပါတဲ့လူေတြကို အထူးျဖတ္သန္းခြင့္ ေပးထားပါတယ္။ ၿပီးဆံုးတာနဲ႔ ေလယာဥ္ဆင္းကြင္းကို အေရးေပၚအေျခအေနေတြမွာအသံုးျပဳႏိုင္မွာျဖစ္ၿပီး ကြင္းထားမယ့္ေနရာဟာ ဗဟိုခ်က္မွာ႐ွိေနတယ္လို႔ အရာ႐ွိေတြကေျပာပါတယ္။
Ref : Amid Ladakh border tension with China, India starts work on emergency airstrip in South Kashmir
#PeopleMedia
(unicode)
တရုတ်နဲ့ နယ်စပ်တင်းမာမှုမြင့်တက်နေချိန် ကတ်ရှ်မီးယား တောင်ပိုင်းမှာ အရေးပေါ်လေယာဉ်ဆင်း ကွင်း အိန္ဒိယစတင်ဆောက် လုပ်
…………………………………………………
နယူးဒေလီ၊ ဇွန် ၄
နိုင်ငံမြောက်ပိုင်းက တရုတ်-အိန္ဒိယ အမှန်တကယ်ထိန်းချုပ်နယ်မြေမျဉ်းမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေချိန် အိန္ဒိယအမျိုးသားအဝေးပြေးအာဏာပိုင်အဖွဲ့ NHAI က ကတ်ရှ်မီးယားဒေသတောင်ပိုင်း ဆရင်နာဂါ-ဂျမူး အမျိုးသားလမ်းမကြီးမှာ အရေးပေါ်လေယာဉ်ဆင်းကွင်းတစ်ကွင်းတည်ဆောက်နေပါတယ်။
ဒါပေမဲ့ အဲဒီလေယာဉ်ကွင်းဟာ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေတာနဲ့မဆိုင်ဘဲ အရင်ကတည်းက ခွင့်ပြုပြီးသား စီမံကိန်းဟောင်းတစ်ခုဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ လမ်းမသစ်ဘေးနားမှာ ဆောက်လုပ်ရေးစ နေတာပါ။ စီမံကိန်းမှာ ၃.၅ ကီလိုမီတာရှိတဲ့ အရေးပေါ်လေယာဉ်ဆင်းကွင်းတစ်ကွင်း တည်ဆောက်နေတာ ပါဝင်တယ်လို့ NHAI အရာရှိတစ်ယောက်ကပြောပါတယ်။
“ကတ်ရှ်မီးယားမှာ အမျိုးသားလမ်းမသစ်ဖောက်နေကတည်းက စီစဉ်ထားတာပါ။ COVID-19 အလုံပိတ်ကန့် သတ်မှုတွေကြောင့် လုပ်ငန်းစောစောမစနိုင်ဖြစ်နေတာ” လို့ အဲဒီအရာရှိကပြောပါတယ်။
မြေခင်းတဲ့လုပ်ငန်းတွေ အင်ပြည့်အားပြည့်လုပ်နေပြီး ဆောက်လုပ်ရေးမှာပါတဲ့လူတွေကို အထူးဖြတ်သန်းခွင့် ပေးထားပါတယ်။ ပြီးဆုံးတာနဲ့ လေယာဉ်ဆင်းကွင်းကို အရေးပေါ်အခြေအနေတွေမှာအသုံးပြုနိုင်မှာဖြစ်ပြီး ကွင်းထားမယ့်နေရာဟာ ဗဟိုချက်မှာရှိနေတယ်လို့ အရာရှိတွေကပြောပါတယ်။
Ref : Amid Ladakh border tension with China, India starts work on emergency airstrip in South Kashmir
#PeopleMedia