• Follow Us on
Latest News

Home တ႐ုတ္နဲ႔ အျငင္းပြားနယ္ေျမတြင္ အိႏိၵယျပည္တြင္းထုတ္တိုက္ခို က္ေရးရဟတ္ယာဥ္ LCH ကို ျဖန္႔က်က္ေန ရာခ်ထား

တ႐ုတ္နဲ႔ အျငင္းပြားနယ္ေျမတြင္ အိႏိၵယျပည္တြင္းထုတ္တိုက္ခို က္ေရးရဟတ္ယာဥ္ LCH ကို ျဖန္႔က်က္ေန ရာခ်ထား

Share this post

နယူးေဒလီ၊ ၾသဂုတ္ ၁၀

ယံုၾကည္မႈ႐ွိေၾကာင္းျပသသည့္အေနျဖင့္ အိႏၵိယႏိုင္ငံပိုင္ Hindustan Aeronautics Limited (HAL)မွ ထုတ္လုပ္သည့္ အေပါ့စားတိုက္ခိုက္ေရးရဟတ္ယာဥ္(LCH) နမူနာပံုစံ ၂ မ်ိဳးကို တ႐ုတ္ႏိုင္ငံနယ္စပ္နား႐ွိ လာဒါ့ေဒသအေ႐ွ႕ပိုင္းမွ ကမာၻ႔အျမင့္ဆံုးေလယာဥ္ဆင္းကြင္း Daulat Beg Oldie ထံပို႔ေဆာင္ထားသည္။

အဆင္သင့္႐ွိ၊ မ႐ွိသြားေရာက္စစ္ေဆးေနသည့္ အိႏိၵယေလတပ္ဒုတိယဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ HS Arora ကိုလည္း ျမင္ေတြ႕ရသည္။

တ႐ုတ္ႏွင့္တင္းမာမႈျမင့္တက္ေနသျဖင့္ ထိုေဒသတြင္ Apache တိုက္ခိုက္ေရးရဟတ္ယာ ဥ္မ်ားေဆာင္႐ြက္မ ည့္တိုက္ခိုက္ေရးခရီးစဥ္မ်ားတြင္ပါ၀င္ကူညီရန္ LCH မ်ားကို HAL ဌာနခ်ဳပ္ ဘန္ဂေလာမွလာဒါ့ေဒသသို႔ေ ႐ႊ႕ေျပာင္းထားျခင္းျဖစ္သည္။

LCH မ်ားတြင္ ၂၀ မမ M621 အေႁမွာက္ႏွင့္ ၇၀ မမ ဒံုးက်ည္မ်ားတပ္ဆင္ထားသည္။ ယခုႏွစ္အကုန္တြင္ အိႏိၵယၾကည္းတပ္ေလယာဥ္အုပ္စုကလည္း အကန္႔အသတ္ျဖင့္ထုတ္လုပ္ထားသည့္ LCH ဆယ္စင္းမွာ ယူရန္႐ွိေနၿပီး ေလတပ္ကလည္း အကန္႔အသတ္ျဖင့္ထုတ္လုပ္ထားသည့္ LCH ၅ စင္းမွာယူရန္႐ွိေနသည္။

၂၀၂၂ ခုႏွစ္တြင္ အဆိုပါ ၁၅ စင္းကို အိႏၵိယၾကည္းတပ္ေလယာဥ္အုပ္စုႏွင့္ေလတပ္တို႔သို႔လႊဲေျပာင္းၿပီးပါက အိႏိၵယၾကည္းတပ္ေလယာဥ္အုပ္စုအတြက္ LCH ၁၁၄ စင္းႏွင့္ ေလတပ္အတြက္ LCH ၁၅ စင္းထပ္မံမွာယူရန္ စီစဥ္ေနသည္။

အဆိုပါေလယာဥ္ ၁၅ စင္းအတြက္ HAL က ကိုယ္ထည္ပိုင္းထုတ္လုပ္ထားၿပီး ယခုႏွစ္အကုန္တြင္ လက္မွတ္ ေရးထိုးၿပီးပါက တပ္ဆင္မႈစတင္မည္။

စမ္းသပ္ပ်ံသန္းမႈမ်ားၿပီးဆံုးၿပီျဖစ္၍ ေ႐ွ႕တန္းေနရာမ်ားသို႔ တြန္းအားေပးေစလႊတ္ရန္ဆံုးျဖတ္ခဲ့သည္ဟု IDRW ၀က္ဆိုက္ကို အမည္မေဖာ္လိုသည့္သတင္းရင္းျမစ္မ်ားကေျပာသည္။

LCH မ်ားကို ကုန္းျမင့္မ်ား႐ွိ Daulat Beg Oldie ကဲ့သို႔ေသာေ႐ွ႕တန္းေလယာဥ္ဆင္းကြင္းမ်ားမွတိုက္ခိုက္ရန္ ဒီဇိုင္းထုတ္ထားသည္။

Ref : Even before official induction. India’s indigenous Attack helicopter LCH gets deployed in Ladakh

#PeopleMedia

(unicode)
တရုတ်နဲ့ အငြင်းပွားနယ်မြေတွင် အိန္ဒိယပြည်တွင်းထုတ်တိုက်ခို က်ရေးရဟတ်ယာဉ် LCH ကို ဖြန့်ကျက်နေ ရာချထား
…………………………………………………

နယူးဒေလီ၊ ဩဂုတ် ၁၀

ယုံကြည်မှုရှိကြောင်းပြသသည့်အနေဖြင့် အိန္ဒိယနိုင်ငံပိုင် Hindustan Aeronautics Limited (HAL)မှ ထုတ်လုပ်သည့် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ်(LCH) နမူနာပုံစံ ၂ မျိုးကို တရုတ်နိုင်ငံနယ်စပ်နားရှိ လာဒါ့ဒေသအရှေ့ပိုင်းမှ ကမ္ဘာ့အမြင့်ဆုံးလေယာဉ်ဆင်းကွင်း Daulat Beg Oldie ထံပို့ဆောင်ထားသည်။

အဆင်သင့်ရှိ၊ မရှိသွားရောက်စစ်ဆေးနေသည့် အိန္ဒိယလေတပ်ဒုတိယဦးစီးချုပ်ဗိုလ်ချုပ် HS Arora ကိုလည်း မြင်တွေ့ရသည်။

တရုတ်နှင့်တင်းမာမှုမြင့်တက်နေသဖြင့် ထိုဒေသတွင် Apache တိုက်ခိုက်ရေးရဟတ်ယာ ဉ်များဆောင်ရွက်မ ည့်တိုက်ခိုက်ရေးခရီးစဉ်များတွင်ပါဝင်ကူညီရန် LCH များကို HAL ဌာနချုပ် ဘန်ဂလောမှလာဒါ့ဒေသသို့ ေ ရွှ့ပြောင်းထားခြင်းဖြစ်သည်။

LCH များတွင် ၂၀ မမ M621 အမြှောက်နှင့် ၇၀ မမ ဒုံးကျည်များတပ်ဆင်ထားသည်။ ယခုနှစ်အကုန်တွင် အိန္ဒိယကြည်းတပ်လေယာဉ်အုပ်စုကလည်း အကန့်အသတ်ဖြင့်ထုတ်လုပ်ထားသည့် LCH ဆယ်စင်းမှာ ယူရန်ရှိနေပြီး လေတပ်ကလည်း အကန့်အသတ်ဖြင့်ထုတ်လုပ်ထားသည့် LCH ၅ စင်းမှာယူရန်ရှိနေသည်။

၂၀၂၂ ခုနှစ်တွင် အဆိုပါ ၁၅ စင်းကို အိန္ဒိယကြည်းတပ်လေယာဉ်အုပ်စုနှင့်လေတပ်တို့သို့လွှဲပြောင်းပြီးပါက အိန္ဒိယကြည်းတပ်လေယာဉ်အုပ်စုအတွက် LCH ၁၁၄ စင်းနှင့် လေတပ်အတွက် LCH ၁၅ စင်းထပ်မံမှာယူရန် စီစဉ်နေသည်။

အဆိုပါလေယာဉ် ၁၅ စင်းအတွက် HAL က ကိုယ်ထည်ပိုင်းထုတ်လုပ်ထားပြီး ယခုနှစ်အကုန်တွင် လက်မှတ် ရေးထိုးပြီးပါက တပ်ဆင်မှုစတင်မည်။

စမ်းသပ်ပျံသန်းမှုများပြီးဆုံးပြီဖြစ်၍ ရှေ့တန်းနေရာများသို့ တွန်းအားပေးစေလွှတ်ရန်ဆုံးဖြတ်ခဲ့သည်ဟု IDRW ဝက်ဆိုက်ကို အမည်မဖော်လိုသည့်သတင်းရင်းမြစ်များကပြောသည်။

LCH များကို ကုန်းမြင့်များရှိ Daulat Beg Oldie ကဲ့သို့သောရှေ့တန်းလေယာဉ်ဆင်းကွင်းများမှတိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသည်။

Ref : Even before official induction. India’s indigenous Attack helicopter LCH gets deployed in Ladakh

#PeopleMedia


Share this post