• Follow Us on
Latest News

Home တရုတ်လူလုပ်အရာဝတ္ထုနှင့် တိုက်မိသဖြင့် USS Connecticut ရေငုပ်သင်္ဘော ထိခိုက်ပျက်စီးခဲ့

တရုတ်လူလုပ်အရာဝတ္ထုနှင့် တိုက်မိသဖြင့် USS Connecticut ရေငုပ်သင်္ဘော ထိခိုက်ပျက်စီးခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂ (People Media)

 

တောင်တရုတ်ပင်လယ်အတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေစဉ် အောက်တိုဘာလ ၂ ရက်နေ့က ထိခိုက် ပျက်စီးခဲ့သည့် နျူကလီးယားစွမ်းအင်သုံး USS Connecticut ရေငုပ်သင်္ဘောမှာ အမည်မသိသောတရုတ်နိုင်ငံ ၏ လူလုပ်အရာဝတ္ထုတစ်ခုနှင့် ပြင်းပြင်းထန်ထန်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သင်္ဘောတိုက်မှုဖြစ်ပွားပြီးနောက် တောင်တရုတ်ပင်လယ် ပရာဆယ်လ်ကျွန်းစု၏ အစိတ်အပိုင်းဖြစ်သော ယောင်းစင်ကျွန်းနှင့် ၇၇ ကီလိုမီတာခန့် ဝေးကွာသည့်နေရာတွင် အောက်တိုဘာလ ၃ ရက်နေ့က အဆိုပါ ရေငုပ်သင်္ဘော ရေပြင်ပေါ်သို့ တက်လာသည် ကို တွေ့ရကြောင်းသိရသည်။

 

ယောင်းစင်ကျွန်းကို ၁၉၇၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကထိန်းချုပ်ထားခဲ့ပြီး ဗီယက်နမ်နိုင်ငံကလည်း အဆိုပါကျွန်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုလျက်ရှိသည်။ ယင်းကျွန်းမှာ တရုတ်နိုင်ငံ၏ ရေငုပ် သင်္ဘောများနှင့် စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းတစ်ခု အခြေချရာအဓိက ကျွန်းတစ်ကျွန်းဖြစ်သည်။

 

USS Connecticut ရေငုပ်သင်္ဘောမှာ ယင်းကျွန်းအနီးသို့ သတင်းထောက်လှမ်းရန် ခုတ်မောင်းဝင်ရောက်သွား ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ယင်းရေငုပ်သင်္ဘောမှာ စစ်ဆင်ရေးတိုက်ပွဲဝင်ရန်အသုံးပြုသည့်အပြင် ရေပြင် ကင်းထောက်လှမ်းရန်လည်း အသုံးပြုနိုင်ရန် ပုံစံရေးဆွဲ တည်ဆောက်ထားခြင်းဖြစ်သည်။

 

ယင်းရေငုပ်သင်္ဘောမှာ ရေအောက်အခြေအနေအရ ရေအောက်မှတစ်စုံတစ်ခုနှင့် တိုက်မိရန်ခဲယဉ်းလှကြောင်း ပြောကြသည်။ တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်တိုက်လှုပ်ရှားနေသည့် အမေရိကန်ရေတပ်အနေဖြင့် ယင်း အခြေအနေကို ကောင်းစွာလေ့လာပြီးဖြစ်သည်။

 

USS Connecticut ရေငုပ်သင်္ဘောမှာ ရန်သူ့တပ်ဖွဲ့များ ချဉ်းကပ်လာမှုကို တန်ပြန်ရင်ဆိုင်ရင် ခုတ်မောင်းနေစဉ် တွင်း တရုတ်နိုင်ငံထုတ် လူလုပ်အရာဝတ္ထုတစ်ခုနှင့် ပြင်းပြင်းထန်ထန် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သတင်းစာများ တွင်ရေးသားဖော်ပြခဲ့ကြသည်။ ယင်းနေရာရှိ ပင်လယ်ပြင်အနက်မှာ မီတာ ၃၀၀ ခန့်သာရှိကြောင်းသိရသည်။

 

တရုတ်နိုင်ငံထုတ် လူလုပ်အရာဝတ္ထုတစ်ခုနှင့် ပြင်းပြင်းထန်ထန် တိုက်မိခဲ့သည့်အတွက် USS Connecticut ရေငုပ်သင်္ဘောဦးပိုင်းမှာ ဆိုးရွားစွာထိခိုက်ပျက်စီးသွားကြောင်း ရေငုပ်သင်္ဘောရေပြင်သို့ပြန်ပေါ်မလာမီတစ်ရက် က အမေရိကန်ကျွမ်းကျင်သူများက လူမှုကွန်ရက်တွင် ကြေညာခဲ့သည်။

 

“ပထမဦးဆုံးရရှိတဲ့သတင်းအချက်အလက်တွေအရ USS Connecticut ရေငုပ်သင်္ဘောကိုယ်ထည်ဟာ ဆိုးဆိုး ရွားရွား ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဓာတ်ပုံတွေရဖို့အတွက် စောင့်နေပါတယ်။” ဟု တွစ်တာတွင်ရေးသားခဲ့သည်။

 

အောက်တိုဘာလ ၈ ရက်နေ့ (သောကြာနေ့) တွင် အဆိုပါရေငုပ်သင်္ဘောသည် ပစိဖိတ်အနောက်ဘက်ဒေသ ဂူဝမ်ကျွန်းသို့ဝင်ရောက်ခဲ့သည်။ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူများပါဝင်သော အဖွဲ့သည် ထိခိုက်ပျက်စီးမှုကို စစ်ဆေးကြည့်ရှုရန်နှင့် ထိခိုက်မှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက်ဂူဝမ်ကျွန်းရှိ ရေတပ်အခြေစိုက် စခန်းသို့ သွားရောက်ခဲ့သည်။

 

တောင်တရုတ်ပင်လယ်ရှိ နိုင်ငံတကာရေပိုင်နက်တွင် အမည်မသိအရာဝတ္ထုနှင့် တိုက်မိခဲ့ပြီးနောက် ရေငုပ် သင်္ဘောမှ သင်္ဘောသား ၁၃၀ အနက် ၁၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်ရေတပ်ကပြောသည်။

 

သင်္ဘောတိုက်မှုဖြစ်ပွားခဲ့သော်လည်း ရေငုပ်သင်္ဘောမှာ စိတ်ချရကြောင်း၊ နျူကလီးယားတပ်ဆင်မှုများကို ထိ ခိုက်ခြင်းမရှိကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးသည်နှင့်တပြိုင်နက် ရေငုပ်သင်္ဘောကို ဂူဝမ်ကျွန်းသို့ ရေပေါ်မှခုတ် မောင်းသွားရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

 

ရေငုပ်သင်္ဘောတွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်အသေးစိတ်ကို အမေရိကန်ရေတပ်မှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ အမေရိကန်ရေငုပ်သင်္ဘောမှာ ရေအောက်တွင်နစ်မြုပ်နေသည့် သင်္ဘောတစ်စီးနှင့်သော်လည်းကောင်း၊ ကုန် တင်သင်္ဘောတစ်စီးပေါ်မှ ပြုတ်ကျထားသော ကုန်သေတ္တာတစ်လုံးနှင့်သော်လည်းကောင်း တိုက်မိခြင်းဖြစ်နိုင် ကြောင်း အမေရိကန်ရေတပ်ကပြောသည်။

 

Ref: Chinese man-made object may have caused damage to USS Connecticut sub

 

#PeopleMedia

 

(unicode)

တရုတျလူလုပျအရာဝတ်ထုနှင့ျ တိုကျမိသဖွင့ျ USS Connecticut ရငေုပျသငျ်ဘော ထိခိုကျပကြျစီးခဲ့

……………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Chinese man-made object may have caused damage to USS Connecticut sub

 

#PeopleMedia


Share this post