PUBLISHED - January 20, 2020
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်းပင်း၏ အမည်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် မစင်တွင်း (Mr Shithole) ဆိုကာ မှားယွင်းဘာသာပြန်မိသည့် အတွက် ဖေ့စ်ဘွတ်ခ်က ဇန်နဝါရီ ၁၈ ရက်တွင် တောင်းပန်လိုက်သည်။
ဖေ့စ်ဘွတ်ခ်ရှိ အလိုအလျောက်ဘာသာပြန်သည့် လုပ်ဆောင်ချက်တွင် ယင်းသို့မှားယွင်းပြန်ဆိုထားခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပေ့ခ်ချ၌ပင် တရုတ်နိုင်ငံသမ္မတ Mr Shithole သည်ညနေ ၄ နာရီတွင် နေပြည်တော်သို့ ရောက်ရှိကြောင်း ဖေ့စ်ဘွတ်ခ်၏ အလိုအလျောက် ဘာသာပြန်မှု မှားယွင်းဖော်ပြထားသည်။
ဖေ့စ်ဘွတ်ခ်သည် ယခင်ကလည်း မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ အလိုအလျောက်ပြန်ဆိုမှုများတွင် မဆီလျော်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်တွင် အဆိုပါလုပ်ဆောင်ချက်ကို ကာလအတန်ကြာဖယ်ရှားခဲ့သည်။
(unicode)
တရုတ်သမ္မတအမည်ကို မစင်တွင်းဟု မှားယွင်းဘာသာပြန်ဖော်ပြခြင်းအတွက် ဖေ့စ်ဘွတ်ခ်တောင်းပန်
……………………………………………………………………………………..
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံသို့ နှစ်ရက်ကြာလာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်းပင်း၏ အမည်ကို မြန်မာဘာသာမှ အင်္ဂလ်ိပ်ဘာသာသို့ ပြန်ဆိုရာတွင် မစင်တွင်း (Mr Shithole) ဆိုကာ မှားယွင်းဘာသာပြန်မိသည့် အတွက် ဖေ့စ်ဘွတ်ခ်က ဇန်နဝါရီ ၁၈ ရက်တွင် တောင်းပန်လိုက်သည်။
ဖေ့စ်ဘွတ်ခ်ရှိ အလိုအလျောက်ဘာသာပြန်သည့် လုပ်ဆောင်ချက်တွင် ယင်းသို့မှားယွင်းပြန်ဆိုထားခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပေ့ခ်ျ၌ပင် တရုတ်နိုင်ငံသမ္မတ Mr Shithole သည်ညနေ ၄ နာရီတွင် နေပြည်တော်သို့ ရောက်ရှိကြောင်း ဖေ့စ်ဘွတ်ခ်၏ အလိုအလျောက် ဘာသာပြန်မှု မှားယွင်းဖော်ပြထားသည်။
ထိုသို့ ဘာသာပြန်မှားယွင်းဖော်ပြထားမှုနှင့်ပတ်သက်၍ ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်အတွက် ရိုးသားစွာ တောင်းပန်ကြောင်း ဖေ့စ်ဘွတ်ခ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ဘာသာပြန်မှားယွင်းဖော်ပြမှုမှာ ဟတ်ကာများ၏ ထိုးဖောက်မှု ၊ ဆော့ဖ်ဝဲဆိုင်ရာ ပြဿနာ သို့မဟုတ် နည်းပညာပလက်ဖောင်း၏ ချို့ယွင်းမှုကြောင့်ဖြစ်ပွားခြင်း ဟုတ်မဟုတ်ကိုမူ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။
ဖေ့စ်ဘွတ်ခ်သည် ယခင်ကလည်း မြန်မာဘာသာမှ အင်္ဂလ်ိပ်ဘာသာသို့ အလိုအလျောက်ပြန်ဆိုမှုများတွင် မဆီလျော်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်တွင် အဆိုပါလုပ်ဆောင်ချက်ကို ကာလအတန်ကြာဖယ်ရှားခဲ့သည်။
Ref : Lost in translation – Facebook apology to Xi Jinping