• Follow Us on
Latest News

Home တရုတ်သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၁၇ ရက်နေ့၌ ရောက်ရှိမည်


Share this post





Ref; thediplomat.com


(Unicode)
တရုတ်သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက်နေ့၌ ရောက်ရှိမည်
………………………………………………………

တရုတ်သမ္မတ ရှီကျင့်ပင်ဟာ မြန်မာနိုင်ငံ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့မှာ လာရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ thediplomat.com က ဖော်ပြခဲ့ပါတယ်။

ရှီရဲ့ အခုခရီးစဉ်ဟာ နှစ်နိုင်ငံခြား ပေါက်ဖော်ဆက်ဆံရေးထက်ပိုပြီး အိန္ဒိယသမုဒ္ဒရာဒေသကိုပါ ပြန်လည်ပုံဖော် နိုင်ဖွယ်ရှိတယ်လို့ thediplomat.com မှာ သုံးသပ်ရေးသားထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင် မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ်အနေနဲ့ ၂၀၀၉ ခုနှစ်က လာရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ရှီရဲ့ မြန်မာနိုင်ငံကို ဒုတိယမြောက်အလည်အပတ်ခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများနဲ့ ပိုးလမ်းမစီမံကိန်းတွေထက် အလားအလာပိုရှိနေပြီး တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ မြောက်စီမံကိန်းတွေရဲ့ နောက်ဆုံးခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း thediplomat.com မှာသုံးသပ်ဖော်ပြ ထားပါတယ်။

Ref; thediplomat.com

#PeopleMedia #International


Share this post