• Follow Us on

Home တရုတ်အစိုးရအရာရှိများကို အမေရိကန်က ဗီဇာတင်းကြပ်သွားမည်

တရုတ်အစိုးရအရာရှိများကို အမေရိကန်က ဗီဇာတင်းကြပ်သွားမည်

Share this post

ဝီဂါမူဆလင်လူမျိုးစုတွေကို ဖိနှပ်ချုပ်ချယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ် အစိုးရအရာရှိတွေကို ဗီဇာ တင်းကြပ်မှုတွေပြုလုပ်သွားမယ်လို့ အမေရိ ကန်က ပြောကြားလိုက်ပါတယ်။

ရှင်ကျောင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရအဖွဲ့ အစည်းနဲ့ ကုမ္ပဏီလုပ်ငန်း ၂၈ ခုကို ပြီးခဲ့တဲ့ တနင်္လာနေ့က အမည်ပျက် စာရင်းသွင်းခဲ့ပြီးနောက် အခုလို ဗီဇာတင်းကြပ်သွားမယ့် အကြောင်း အမေရိကန်က ကြေညာခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်အစိုးရအနေနဲ့ ဖိနှိပ်ချုပ်ချယ်ရေး ကမ်ပိန်းကြီးတစ်ခုကို ဆောင်ရွက်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံက အခုလိုပြောဆိုမှုတွေကို အခြေ အမြစ်မဆိုတဲ့ စွပ်စွဲချက်တြွေ ဖစ်တယ်လို့ ပြောကြားထားပါတယ်။

Ref; Reuters


Share this post