
PUBLISHED - December 3, 2019
Ref; indiatoday
(Unicode)
တရုတ်ရေယာဉ်တစ်စီးကို စပိုင်လုပ်သည်ဟု သံသယရှိ၍ အိန္ဒိယရေ တပ်မောင်းထုတ်
…………………………………………………………
အိန္ဒိယရေပြင်ပိုင်နက်မှာ တရုတ်စပိုင်ရေယာဉ်လို့ သံသယရှိရတဲ့ ရေယာဉ်တစ်စီးကို အိန္ဒိယရေတပ်က မောင်းထုတ်ခဲ့ပါတယ်။
တရုတ်သုတေသနရေယာဉ် Shi Yan 1 ဟာ အိန္ဒိယရေပြင်ပိုင်နက်ထဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး အိန္ဒိယ စစ်သင်္ဘောကမောင်းထုတ်ခဲ့တယ်လို့ နီးစပ်ရာ သတင်းအရင်းအမြစ်က India Today TV ကို ပြောပါတယ်။
အိန္ဒိယရေတပ်ဟာ တရုတ်ရေယာဉ်တွေရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်လျက်ရှိနေပြီး အဆိုပါရေယာဉ် တွေဟာ အိန္ဒိယရေပြင်ပိုင်နက်ထဲ ရေယာဉ်များ သွားလာမှုကို စောင့်ကြည့်ထောက်လှမ်းနေတယ်လို့ အိန္ဒိယ ရေတပ်က သံသယရှိနေပါတယ်။
အိန္ဒိယရေပြင်ပိုင်နက်က ကပ္ပလီကျွန်းတွေဟာ အိန္ဒိယရေတပ်အတွက် အိန္ဒိယသမုဒ္ဒရာနဲ့ အရှေ့တောင်အာရှ ဒေသတွေကို စောင့်ကြည့်နိုင်တာကြောင့် မဟာဗျူဟာမြောက်ရေပြင်ပိုင်နက်တစ်ခုလည်းဖြစ်ပါတယ်။
Ref; indiatoday
#PeopleMedia #International