တရုတ်လေယာဉ်တင်သင်္ဘော တည်ဆောက်ရန်လိုအပ်ကြောင်း AUKUS သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်က မီးမောင်းထိုးပြ

PUBLISHED - September 29, 2021
နိုင်ငံတကာ၊ စက်တင်ဘာ ၂၉ (People Media)
ရှန်ဟိုင်းမြို့ရှိ သင်္ဘောကျင်းတွင် ၃၁၅ မီတာရှိ တရုတ်လေယာဉ်တင်သင်္ဘောည်ဆောက်နေမှုကို ယခုနှစ် မေလ အတွင်းက ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့မြင်ရကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံးရေတပ်ကြီးနှင့် ကမ္ဘာ့အကြီးမားဆုံးသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကြီး တည်ရှိသော်လည်း နောက်ဆုံးအဆင့်မြင့်တင်တည်ဆောက်နေသည်မှာ အမေရိကန်ဖို့ဒ်အတန်းအစား လေ ယာဉ်တင်သင်္ဘောနှင့်အရွယ်တူညီသော တရုတ်နိုင်ငံ၏ဒုတိယမျိုးဆက် Type 003 လေယာဉ်တင်သင်္ဘောဖြစ် သည်။ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျသုံးပွင့်ဆိုင်မဟာမိတ်စာချုပ်က တရုတ်နိုင်ငံလေယာဉ်တင်သင်္ဘော တည်ဆောက်မှုမှာ လိုအပ်ကြောင်းမီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံဟာ အနောက်ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ငြင်းပယ်တားဆီးနိုင်ဖို့ အတွက် လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အတွင်း သူ့နိုင်ငံရဲ့စွမ်းရည်ကို တိုးမြှင့်တည်ဆောက်လျက်ရှိပါတယ်။” ဟု ရူစီ ပညာရှင်အဖွဲ့မှ စစ်ဟာ့တ်ကူရှဲလ်ကပြောသည်။
ဒုတိယကမ္ဘာစစ်ကာလကတည်းက အမေရိကန်သည် သေတွင်းရေတပ်အင်အားတွင် လွှမ်းမိုးထားလျက်ရှိပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့လုံခြုံရေးအတွက် အာမခံချက်ရရှိရန်ထောက်ပံ့ပေးနေကြောင်းပြော ဆိုလျက်ရှိသည်။ သို့သော် တရုတ်သမ္မတချီကျင့်ဖင်၏ဆန္ဒမှာ ၂၀၃၅ ခုနှစ်တွင် ကမ္ဘာ့အဆင့်မီရေတပ်တည် ဆောက်ရန်ဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်၏ အဆိုအရ စစ်သင်္ဘော ၂၉၃ စင်းရှိ အမေရိကန်ရေတပ် နှင့်အပြိုင် တရုတ်ရေတပ်တွင် စစ်သင်္ဘောအစင်းရေ ၃၅၀ ရှိလာပြီဖြစ်ကြောင်းသိရသည်။ တရုတ်ရေတပ်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း သုံးဆတိုးလာပြီဖြစ်ကြောင်း၊ အမေရိကန်က စစ်သင်္ဘော ၃၅၅ စင်းအထိ တည်ဆောက်သွားရန်စီစဉ်ထားသလို တရုတ်ကလည်း ၂၀၂၅ ခုနှစ်မတိုင်မီ စစ်သင်္ဘောအစင်းရေ ၄၀၀ အထိ ရောက်အောင် တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်လေယာဉ်တင်သင်္ဘောသည် အမေရိကန်၊ သြစတေးလျ၊ ပြင်သစ်၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီး ယားတို့ ပါဝင်သော နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်လေ့ကျင့်လျက်ရှိပြီး ယင်းစစ်ရေးလေ့ကျင့်မှု များမှာလည်း တရုတ်နိုင်ငံကိုပစ်မှတ်ထားလေ့ကျင့်နေကြောင်း သိသာထင်ရှားသည်။
AUKUS သုံးပွင့်ဆိုင်မဟာမိတ်စာချုပ်အရ အမေရိကန်နှင့် ဗြိတိန်က သြစတေးလျနိုင်ငံအား နျူစွမ်းအင်သုံး ရေ ငုပ်သင်္ဘောများထောက်ပံ့သွားမည်ဖြစ်သော်လည်း ယင်းအစီအစဉ်မှာ ၂၀၄၀ ပြည့်နှစ်မတိုင်မီအထိ အသင့်ဖြစ် ဦးမည်မဟုတ်ပေ။ သို့သော် တရုတ်နိုင်ငံကမူ ၁၅ လလျှင်တစ်ကြိမ် နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများထုတ်လုပ် လျက်ရှိသည်။
စစ်သင်္ဘောအရေအတွက်တရုတ်ကများပြားနေသော်လည်း အမေရိကန်ရေတပ်တွင် အရာရှိ/စစ်သည် အင်အား ၃၃၀၀၀၀ ရှိရာ အရာရှိ/စစ်သည်အင်အား ၂၅၀၀၀၀ ရှိသောတရုတ်ရေတပ်ထက်သာလွန်နေကြောင်း အမေရိ ကန်ကွန်ဂရက်လွှတ်တော်ကတွက်ချက်ထားသည်။ လက်ရှိသုံးစွဲနေသောတရုတ်ရေငုပ်သင်္ဘေများမှာ အသံဆူ ညံပြီး ယင်းရေငုပ်သင်္ဘောများကို Queen Elizabeth သင်္ဘောမှစုံစမ်းထောက်လှမ်းခဲ့ကြောင်းသိရသည်။
“တရုတ်နိုင်ငံမှာ ရေတပ်စစ်သင်္ဘောတွေ အများအပြားရှိသလို သင်္ဘောတည်ဆောက်နိုင်တဲ့စွမ်းရည်လည်းရှိပါ တယ်။ ပြီးတော့ သဘောၤာဆောက်လုပ်ရေး ကျွမ်းကျင်ပညာရှင်တွေလည်းရှိပြီး ရုရှားနိုင်ငံကရထားတဲ့ လက် နက်ကောင်းတွေလည်းရှိတယ်။ ဒါပေမဲ့ မေးခွန်းထုတ်စရာက တရုတ်အစိုးရဆီမှာ လေ့ကျင့်သားပြည့်ဝတဲ့ ရေ တပ်အရာရှိ/စစ်သည်တွေရှိရဲ့လား၊ တကယ်ပဲ တိုက်ပွဲဝင်နိုင်စွမ်းရှိရဲ့လားဆိုတာပါပဲ။” ဟု ဗြိတိန်တော်ဝင်ရေ တပ်မှ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးခရစ်ပါရီကပြောသည်။
Ref: China’s new aircraft carrier underlines need for the Aukus pact
#PeopleMedia
(unicode)
…………………………………………………………………
Ref: China’s new aircraft carrier underlines need for the Aukus pact