တ႐ုတ္ျပည္မႀကီးတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၂ ေယာက္ထပ္တိုး

PUBLISHED - August 15, 2020
႐ွန္ဟိုင္း၊ ၾသဂုတ္ ၁၅
တ႐ုတ္ျပည္မႀကီးတြင္ ၾသဂုတ္ ၁၄ ရက္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၂ ေယာက္ထပ္တိုးလာသည္ဟု က်န္းမာေရးေကာ္မ႐ွင္က ယေန႔တြင္ေျပာသည္။
ကူးစက္ခံရသူမ်ားတြင္ ၁၄ ေယာက္မွႏိုင္ငံျခားမွျပန္လာသူမ်ားျဖစ္ၿပီး ၁၃ ရက္က ႏိုင္ငံျခားျပန္ ၂၂ ေယာက္ကူးစက္ခံရသည္ထက္ ပိုနည္းေနေၾကာင္း တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မ႐ွင္က ထုတ္ျပန္သည္။
ထို႔အျပင္ ေရာဂါလကၡဏာမ႐ွိသူအေယာက္ ၂၀ လည္းတိုးလာခဲ့ၿပီး ၁၃ ရက္ကထက္ ၈ ေယာက္က်ဆင္းခဲ့သည္။
ျပည္တြင္းကူးစက္ခံရသူ ၈ ေယာက္တြင္တြင္ ႏိုင္ငံအေနာက္ဘက္စြန္းမွ႐ွင္ဂ်န္းေဒသမွ ၇ ေယာက္ႏွင့္ ဂြမ္ေဒါင္းျပည္နယ္မွ ၁ ေယာက္ပါ၀င္သည္။
COVID-19 အတည္ျပဳလူနာတစ္ေယာက္ေတြ႕႐ွိခဲ့ၿပီးေနာက္ ေသာၾကာေန႔က ႐ွန္က်န္းၿမိဳ႕႐ွိေစ်း၀ယ္စင္တာ တစ္ခုကို အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ခဲ့သည္။
အလီဘာဘာကုမၸဏီကပိုင္ဆိုင္သည့္ကုန္တိုက္ ဖရက္႐ွစ္ပိုတြင္အလုပ္လုပ္သည့္၀န္ထမ္း ၂ ေယာက္တြင္ ကူးစက္ခံထားရသည္ဟု ႐ွန္က်န္းက်န္းမာေရးအာဏာပိုင္မ်ားကေျပာသည္။
႐ွန္က်န္း႐ွိစတိုးဆိုင္ ၂၁ ဆိုင္တြင္ လုပ္ငန္းလည္ပတ္မႈရပ္ဆိုင္းထားၿပီး ပိုးသတ္သည့္လုပ္ငန္းမ်ားလုပ္ ေနသည့္အျပင္ ၀န္ထမ္းမ်ားကိုလည္း ေရာဂါစစ္ေဆးမႈမ်ားျပဳလုပ္ေနသည္ဟု ဖရက္႐ွစ္ပိုက သီးျခားထုတ္ျပန္ခ်က္တြင္ေျပာသည္။
ၾသဂုတ္ ၁၄ ရက္အထိ တ႐ုတ္ျပည္မႀကီးတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၈၄၈၀၈ ေယာက္႐ွိၿပီး ေသဆံုးသူ ၄၆၃၄ ေယာက္႐ွိေနသည္။
Ref : China reports 22 new coronavirus cases on mainland
#PeopleMedia
(unicode)
တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂ ယောက်ထပ်တိုး
………………………………………………………
ရှန်ဟိုင်း၊ ဩဂုတ် ၁၅
တရုတ်ပြည်မကြီးတွင် ဩဂုတ် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂ ယောက်ထပ်တိုးလာသည်ဟု ကျန်းမာရေးကော်မရှင်က ယနေ့တွင်ပြောသည်။
ကူးစက်ခံရသူများတွင် ၁၄ ယောက်မှနိုင်ငံခြားမှပြန်လာသူများဖြစ်ပြီး ၁၃ ရက်က နိုင်ငံခြားပြန် ၂၂ ယောက်ကူးစက်ခံရသည်ထက် ပိုနည်းနေကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည်။
ထို့အပြင် ရောဂါလက္ခဏာမရှိသူအယောက် ၂၀ လည်းတိုးလာခဲ့ပြီး ၁၃ ရက်ကထက် ၈ ယောက်ကျဆင်းခဲ့သည်။
ပြည်တွင်းကူးစက်ခံရသူ ၈ ယောက်တွင်တွင် နိုင်ငံအနောက်ဘက်စွန်းမှရှင်ဂျန်းဒေသမှ ၇ ယောက်နှင့် ဂွမ်ဒေါင်းပြည်နယ်မှ ၁ ယောက်ပါဝင်သည်။
COVID-19 အတည်ပြုလူနာတစ်ယောက်တွေ့ရှိခဲ့ပြီးနောက် သောကြာနေ့က ရှန်ကျန်းမြို့ရှိဈေးဝယ်စင်တာ တစ်ခုကို အလုံပိတ်ကန့်သတ်မှုများပြုလုပ်ခဲ့သည်။
အလီဘာဘာကုမ္ပဏီကပိုင်ဆိုင်သည့်ကုန်တိုက် ဖရက်ရှစ်ပိုတွင်အလုပ်လုပ်သည့်ဝန်ထမ်း ၂ ယောက်တွင် ကူးစက်ခံထားရသည်ဟု ရှန်ကျန်းကျန်းမာရေးအာဏာပိုင်များကပြောသည်။
ရှန်ကျန်းရှိစတိုးဆိုင် ၂၁ ဆိုင်တွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းထားပြီး ပိုးသတ်သည့်လုပ်ငန်းများလုပ် နေသည့်အပြင် ဝန်ထမ်းများကိုလည်း ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ဟု ဖရက်ရှစ်ပိုက သီးခြားထုတ်ပြန်ချက်တွင်ပြောသည်။
ဩဂုတ် ၁၄ ရက်အထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၄၈၀၈ ယောက်ရှိပြီး သေဆုံးသူ ၄၆၃၄ ယောက်ရှိနေသည်။
Ref : China reports 22 new coronavirus cases on mainland
#PeopleMedia