တရုတ်နိုင်ငံတောင်ပိုင်းမှာ အရက်မူးနေတဲ့ ကားသမားတစ်ဦးက ရဲအရာရှိသုံးဦးကို ဓားနဲ့ ထိုးသတ်မှုဖြစ်ပွား

PUBLISHED - February 20, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀
တရုတ်နိုင်ငံတောင်ပိုင်း၊ ကျန်းရှီးပြည်နယ်မှာ အရက်မူးနေတဲ့ ကားသမားတစ်ဦးက ရဲအရာရှိသုံးဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု သောကြာနေ့က ဖြစ်ပွားခဲ့တယ်လို့ အေပီသတင်းက ဖော်ပြထားပါတယ်။
ဟွမ်မျိုးရိုးအမည်ရှိတဲ့ ကားသမားဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီးနောက် ဓားတစ်ချောင်းသွားရောက်ယူ ဆောင်ကာ ရဲစခန်းထဲမှာရှိတဲ့ ရဲအရာရှိသုံးဦးကို ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။
ရှန်ဂလီကောင်တီက ထုတ်ပြန်ချက်မှာ ကားသမားက ဘာလို့ အချုပ်ခန်းထဲ မဝင်ခဲ့ရသလဲဆိုတာနဲ့ ဓားကို ဘယ်နေရာကသွားယူလာသလဲဆိုတာ မဖော်ပြထားပါဘူး။
လက်ရှိအချိန်မှာ ကားသမားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ပြင်းထန်စွာ အရေးယူဖို့ ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုယ်ပိုင်သေနတ်ပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသလို ရဲတွေက ကျယ်ပြန်တဲ့ အခွင့်အာဏာရှိ နေတဲ့အတွက် တရုတ်နိုင်ငံမှာ အခုလို အကြမ်းဖက်ရာဇဝတ်မှုဖြစ်စဉ်တွေဟာ အတော်ရှားပါတယ်။
အထူးသဖြင့် ဓားနဲ့ထိုးတဲ့ဖြစ်စဉ်တွေဟာ စိတ်ကျန်းမာရေး ပြဿနာရှိသူတွေကြားမှာ အဖြစ်များပြီး ဝေလံ ခေါင်သီးတဲ့ ဒေသက ရဲတွေဟာ လက်နက်ကိုင်ဆောင်မှုနဲ့ လေ့ကျင့်သင်ကြားမှုနည်းပါးတာကြောင့် အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
Ref; Drunk driver stabs 3 police to death in southern China
#PeopleMedia
(unicode)
………………………………………………
Ref; Drunk driver stabs 3 police to death in southern China
#PeopleMedia