တရုတ်နိုင်ငံမှ အဆိုပြုချက်အရ ဘင်္ဂါလီများကို ပြန်လည်ခေါ်ယူရန် သဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြောဆို
PUBLISHED - September 25, 2019
တရုတ်-ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ဟာ ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စကို သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။
သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ကျင်းပနေတဲ့ ကုသမဂ္ဂ အထွေထွေညီလာခံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို အခြေအနေ တိုးတက်မှုရှိလာခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အဆိုပြုမှုနဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ငြင်းပယ်ထားတဲ့ အချ က်တွေကို သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလာ မိုမင်က သုံးနိုင်ငံတွေ့ဆုံဆွေးနွေးပွဲပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
တရုတ်-မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကြား ဘင်္ဂါလီဒုက္ခသည်အရေး ပထမအကြိမ် ဆွေးနွေးညှိနှိုင်းမှုကို အောက်တိုဘာလထဲမှာ ပြုလုပ်သွားဖို့ရှိနပါတယ်။
ကုလညီလာခံမှာ သုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သတင်းကောင်းတစ်ခုက မြန်မာနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
Ref; thedailystar.net