
PUBLISHED - December 18, 2019
Ref; dailymail
(Unicode)
တရုတ်နိုင်ငံ၏ ပထမဦးဆုံးပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော တပ်တော်ဝင်
………………………………………………………
တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး ပြည်တွင်းမှာတည်ဆောက်တဲ့ လေယာဉ်တင်သင်္ဘော Shandong ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က တပ်တော်ဝင်ခဲ့ပြီး အခမ်းအနားကို သမ္မတရှီကျင့်ပင်တက်ရောက်ခဲ့ပါတယ်။
Shandong လေယာဉ်တင်သင်္ဘောဟာ မူလ ယူကရိန်းက ဝယ်ယူထားပြီး ပြန်လည်ပြင်ဆင်တည်ဆောက် ထားတဲ့ Liaoning နောက် တရုတ်စစ်တပ်မှာ တပ်တော်ဝင်တဲ့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောလည်း ဖြစ်ပါတယ်။
Shandong တပ်တော်ဝင်အခမ်းအနားကို ရေတပ်တာဝန်ရှိကိုယ်စားလှယ် ၅၀၀၀ ဝန်းကျင်နဲ့ ရေယာဉ်တည် ဆောက်ခဲ့တဲ့ အဖွဲ့တွေလည်းတက်ရောက်ခဲ့ကြပါတယ်။
တန်အလေးချိန် ၅၀၀၀၀ ရှိတဲ့ Shandong လေယာဉ်တင်သင်္ဘောကို ပြီးခဲ့တဲ့နှစ်က ပင်လယ်ပြင်တွင်း စမ်းသပ် သွားလာမှုတွေပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့လကလည်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ပါတယ်။
Ref; dailymail
#PeopleMedia #International