တရုတ်နှင့် ဆက်ဆံရေးတင်းမာနေသည့်ကြားမှ ထိုင်ဝမ်တပ်မတော်၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို မေးခွန်းထုတ် ခံခဲ့ရ

PUBLISHED - October 27, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၂၇ (People Media)
တရုတ်နိုင်ငံနှင့် တင်းမာမှုများမြင့်တက်နေသည့်ကြားမှ ထိုင်ဝမ်တပ်မတော်သည် ပြည်တွင်းပြဿနာများ၊ အခြား ဖိအားပေးခံနေရသည့်စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရကြောင်း Wall Street ဂျာနယ်ကရေးသား ဖော်ပြခဲ့သည်။
ထိုင်ဝမ်တပ်မတော်၏ စစ်မှုထမ်းအင်အား ၈၀,၀၀၀ နှင့် အရန်စစ်မှုထမ်းအင်အား နှစ်သန်းကြားတွင် ကြိုတင် ပြင်ဆင်မှုမရှိခြင်းနှင့် စိတ်ဓာတ်ကျဆင်းနေခြင်းတို့သည် ပြဿနာတစ်ရပ်ဖြစ်နေကြောင်းသိရသည်။
ထိုင်ဝမ်တပ်မတော်၏စစ်အခြေခံသင်တန်းတက်ရောက်ခဲ့သော အသက် ၂၆ နှစ်အရွယ် ဇီယိုချန်ဇီးချန်က ၎င်း လေးလကြာတက်ရောက်ခဲ့သည့် သင်တန်း၌ အပစ်အခတ်ကျွမ်းကျင်မှုလေ့ကျင့်ခန်းအချို့အပြင် ကားတာယာ များရွှေ့ပြောင်းရခြင်း၊ သစ်ရွက်များလှည်းရခြင်း၊ ပေါင်းပင်များနုတ်ရခြင်းများကို အဓိကထား ဆောင်ရွက်ခဲ့ရ ကြောင်း၊ ထိုင်ဝမ်နိုင်ငံအနေဖြင့် လေ့ကျင့်သားပြည့်ဝသည့် တရုတ်စစ်သားများကို ရင်ဆိုင်နိုင်ရန် ၎င်းအနေဖြင့် သံသယရှိကြောင်း သတင်းစာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
ဇီယိုချန်ဇီးချန်အပြင် ထိုင်ဝမ်တပ်ဖွဲ့ဝင်အချို့နှင့် အရန်တပ်ဖွဲ့ဝင်အချို့ကလည်း ၎င်းတို့တက်ရောက်ခဲ့သည့် စစ် သင်တန်းအရည်အသွေးနှင့် ထိုင်ဝမ်နိုင်ငံ၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။ ထိုင်ဝမ်စစ်သည်တစ်ဦးက ၎င်းအနေဖြင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အမေရိကန်စစ် ကားများကို ကြည့်ရှုနေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စစ်သင်တန်းတက်ခဲ့သည့်အခြားတစ်ယောက်ကလည်း ၎င်းအခြေခံစစ်သင်တန်းတက်ရောက်နေစဉ်ကာလအ တွင်း အချိန်အများစုမှာ စာဖတ်ခြင်း၊ ပုံဆွဲခြင်းဖြင့်သာကုန်ဆုံးခဲ့ကြောင်း၊ ၎င်းအနေဖြင့် စစ်သင်တန်းတက်နေ သော်လည်း ဘာမှမရှိသလို ခံစားနေရသဖြင့် စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်ဝမ်နိုင်ငံတွင် ခိုင်မာတောင့်တင်းပြီး ကောင်းစွာလေ့ကျင့်ထားသောတပ်ဖွဲ့ဝင်များရှိကြောင်း၊ ယင်းတပ်ဖွဲ့ဝင် များမှာ ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် အသင့်ရှိနေကြောင်း၊ သို့သော် ထိုင်ဝမ်တပ်မတော်က လိုအပ်နေ သည်မှာ အစိုးရထံမှ ရန်ပုံငွေအလုံအလောက်ရရှိရန်ပင်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးကို ဆန်းစစ်လေ့လာ အကဲဖြတ်ရန် ထိုင်ဝမ်သို့ရောက်ရှိနေသည့် အမေရိကန်မရိန်းတပ်မှ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက Wall Street ဂျာနယ်သို့ ပြောသည်။
တိုက်ပွဲဝင်အသင့်ဖြစ်မှု ကိုင်တွယ်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ထိုင်ဝမ်တပ်မတော်သားများ၏ လစာတိုး မြှင့်ပေးရန်နှင့် အမေရိကန်၊ အခြားမဟာမိတ်နိုင်ငံများနှင့် ပူးပေါင်း၍ အဆင့်မြင့်စစ်သင်တန်းများ ပို့ချပေးရန် ၎င်းက အကြံပြုပြောကြားခဲ့သည်။
Ref: Taiwan’s Combat Readiness Questioned Amid China Tensions
#PeopleMedia
(unicode)
…………………………………………………………………………..
Ref: Taiwan’s Combat Readiness Questioned Amid China Tensions
#PeopleMedia