• Follow Us on

Home တ႐ုတ္ႏွင့္ နယ္စပ္တင္းမာမႈမ်ား ျဖစ္ပြားေနသည့္ အိႏၵိယက ျပင္သစ္ ထံမွ ဟမ္းမားဒုံးက်ည္မ်ား ဝယ္ယူမည္

တ႐ုတ္ႏွင့္ နယ္စပ္တင္းမာမႈမ်ား ျဖစ္ပြားေနသည့္ အိႏၵိယက ျပင္သစ္ ထံမွ ဟမ္းမားဒုံးက်ည္မ်ား ဝယ္ယူမည္

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၂၇

တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္အျငင္းပြားမႈျဖစ္ပြားေနသည့္ အိႏၵိယႏိုင္ငံက အေရးေပၚအေျခအေနတြင္ အသုံးျပဳရန္ ျပင္သစ္ႏိုင္ငံထံမွ ဟမ္းမားဒုံးက်ည္မ်ား ဝယ္ယူရန္ ဆုံးျဖတ္လိုက္သည္။

ေဝဟင္-ေျမျပင္ခြင္း ဟမ္းမားဒုံးက်ည္မ်ား ဝယ္ယူေရးႏွင့္ပတ္သက္၍ တိုးတက္မႈရွိခဲ့ၿပီး အခ်ိန္အကန္႔အသတ္ ရွိလင့္ကစား ျပင္သစ္ႏိုင္ငံက အိႏၵိယႏိုင္ငံသို႔ ဟမ္းမားဒုံးက်ည္မ်ား ပံ့ပိုးေပးရန္ အသင့္ရွိေၾကာင္း အိႏၵိယမီဒီ ယာမ်ားက တာဝန္ရွိသူမ်ားအားကိုးကား၍ ေဖာ္ျပခဲ့သည္။

မိုဒီအစိုးရအဖြဲ႕က အိႏၵိယတပ္မေတာ္သို႔ ေပးအပ္ထားေသာ အေရးေပၚလုပ္ပိုင္ခြင့္အရ သေဘာတူညီမႈ ျပဳ လုပ္ေနေၾကာင္း သတင္းမ်ားကဆိုသည္။

အိႏၵိယေလတပ္က အိႏၵိယမီဒီယာမ်ား ေဖာ္ျပခဲ့ေသာသတင္းမ်ားကို ျငင္းဆန္ခဲ့ျခင္းမရွိသလို အတည္ျပဳခဲ့ျခင္း လည္းမရွိခဲ့ေပ။

ျပင္သစ္ႏိုင္ငံလုပ္ ရာေဖးလ္ဂ်က္တိုက္ေလယာဥ္မ်ားအတြက္ ကီလိုမီတာ ၆၀ မွ ၇၀ အထိ ေရာက္ရွိႏိုင္ေသာ ဟမ္းမားဒုံးက်ည္မ်ား ဝယ္ယူေရးသေဘာတူညီခ်က္ကို လာဒါခ္အေရးႏွင့္ပတ္သက္၍ အိႏၵိယႏွင့္ တ႐ုတ္ၾကား တင္းမာမႈမ်ား အျမင့္ဆုံးအေျခအေနျဖစ္ေပၚေနစဥ္ လက္မွတ္ေရးထိုးျခင္းျဖစ္သည္။

ကိုးကား – သည္နယူးစ္

Ref; India to buy hammer missiles from France on emergency basis

#PeopleMedia

(unicode)
တရုတ်နှင့် နယ်စပ်တင်းမာမှုများ ဖြစ်ပွားနေသည့် အိန္ဒိယက ပြင်သစ် ထံမှ ဟမ်းမားဒုံးကျည်များ ဝယ်ယူမည်
……………………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၂၇

တရုတ်နိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံက အရေးပေါ်အခြေအနေတွင် အသုံးပြုရန် ပြင်သစ်နိုင်ငံထံမှ ဟမ်းမားဒုံးကျည်များ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ဝေဟင်-မြေပြင်ခွင်း ဟမ်းမားဒုံးကျည်များ ဝယ်ယူရေးနှင့်ပတ်သက်၍ တိုးတက်မှုရှိခဲ့ပြီး အချိန်အကန့်အသတ် ရှိလင့်ကစား ပြင်သစ်နိုင်ငံက အိန္ဒိယနိုင်ငံသို့ ဟမ်းမားဒုံးကျည်များ ပံ့ပိုးပေးရန် အသင့်ရှိကြောင်း အိန္ဒိယမီဒီ ယာများက တာဝန်ရှိသူများအားကိုးကား၍ ဖော်ပြခဲ့သည်။

မိုဒီအစိုးရအဖွဲ့က အိန္ဒိယတပ်မတော်သို့ ပေးအပ်ထားသော အရေးပေါ်လုပ်ပိုင်ခွင့်အရ သဘောတူညီမှု ပြု လုပ်နေကြောင်း သတင်းများကဆိုသည်။

အိန္ဒိယလေတပ်က အိန္ဒိယမီဒီယာများ ဖော်ပြခဲ့သောသတင်းများကို ငြင်းဆန်ခဲ့ခြင်းမရှိသလို အတည်ပြုခဲ့ခြင်း လည်းမရှိခဲ့ပေ။

ပြင်သစ်နိုင်ငံလုပ် ရာဖေးလ်ဂျက်တိုက်လေယာဉ်များအတွက် ကီလိုမီတာ ၆၀ မှ ၇၀ အထိ ရောက်ရှိနိုင်သော ဟမ်းမားဒုံးကျည်များ ဝယ်ယူရေးသဘောတူညီချက်ကို လာဒါခ်အရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် တရုတ်ကြား တင်းမာမှုများ အမြင့်ဆုံးအခြေအနေဖြစ်ပေါ်နေစဉ် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

ကိုးကား – သည်နယူးစ်

Ref; India to buy hammer missiles from France on emergency basis

#PeopleMedia


Share this post