• Follow Us on

Home ထင်းသယ်ရင်း မိုင်းနင်းမိ၍ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ

ထင်းသယ်ရင်း မိုင်းနင်းမိ၍ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာအနီးတွင် KNU/PDF များ ထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

 

ဇူလိုင်လ ၁၈ ရက် ညနေ ၅:၂၀ အချိန်တွင် ထင်းများသယ်ယူရန်အတွက် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် နေ အိမ်မှ မောင်းနှင်လာစဉ် လှည်းလမ်းကူးကျေးရွာအနီး၌ KNU/PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

 

ထိုမိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသည့် ဒေါ်ဖြူနုမှာ အသက် (၄၁) နှစ်နှင့် မောင်သူရိန်စိုးမှာ အသက် (၁၈) နှစ်အရွယ်ရှိကြောင်း၊ ဒဏ်ရာရရှိသည့် ကိုမိုင်းမှာ အသက်(၄၅) နှစ်အရွယ်ရှိကြောင်း ၎င်းမှာဆေးကုသမှုခံယူ နေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post