ထန်တလန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာရောက်တိုက်ခိုက်သည့် PDF အဖွဲ့ဝင် (၁၂) ဦး သေဆုံး
PUBLISHED - August 29, 2023
နေပြည်တော်၊ သြဂုတ် ၂၉
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းအား လာရောက်တိုက်ခိုက်သည့် PDF အဖွဲ့ဝင် (၁၂) ဦး သေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ (၂၈) ရက် နံနက်ပိုင်းက ထန်တလန်တပ်စခန်းအား PDF အဖွဲ့ဝင် အင်အား (၃၀၀) ကျော်မှ Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်။
အဆိုပါတိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၁၂) ဦး သေဆုံးသွားပြီး (၃၀) ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယင်းနောက် PDF အဖွဲ့ဝင်များ ကိုင်ဆောင်သည့် AK သေနတ် (၅)လက်၊ M-16 သေနတ် (၂)လက်၊ M-4 သေ နတ် (၂)လက်၊ 12 Bole သေနတ် (၁)လက်၊ လက်လုပ်စိန်ပြောင်း (၁)လက်၊ ကျည်မျိုးစုံ (၁၀၀၀)ကျော်၊ လက် ပစ်ဗုံး (၂၅)လုံး၊ ကျည်ကာ (၁၁)ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#PeopleMedia