• Follow Us on
Latest News

Home ထန်တလန်မြို့အနီးတွင် CDF (၂) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

ထန်တလန်မြို့အနီးတွင် CDF (၂) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးတွင် CDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်များကို လုံခြုံရေး တပ်ဖွဲ့များမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ထန်တလန်မြို့ဝန်းကျင်တွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ် CDF များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုကြောင့် CDF အလောင်း (၂) လောင်းနှင့်အတူ ၎င်းတို့ကိုင်ဆောင်သည့် အမ်- ၄ ကျည်အိမ် ၁ ခု၊ အမ်- ၄ ကျည် ၂၀ တောင့်၊ Sporting Rifle ကျည် ၂၂ တောင့်နှင့် လက်လုပ်လက်ပစ်ဗုံး ၅ လုံးတို့ကို လုံခြုံရေး တပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post