• Follow Us on
Latest News

Home ထန်းတပင်မြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံရ၍ ပျံလွန်တော်မူ

ထန်းတပင်မြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး သတ်ဖြတ်ခံရ၍ ပျံလွန်တော်မူ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကြိမ်တောမြောင်ကျေးရွာအုပ်စု၊ အနောက်မြောင်ကျေးရွာ၊ မင်းကြို ကျောင်းထိုင်ဆရာတော် ဦးဝေကုလ္လကို KNU/PDF များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၄ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဦးဝေကုလ္လ သတ်ဖြတ်ခြင်းခံရကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရမှုကြောင့် ပျံလွန်တော်မူသည့် ဆရာတော်ကို မည်သည့်အတွက်ကြောင့် KNU/PDF များမှ သတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း၊ ရုပ်အလောင်းကို ပိန်းပင်ကြားရှိ ရေမြောင်းနားတွင် တွေ့ရှိ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post