• Follow Us on
Latest News

Home ထန်းတပင်မြို့တွင် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးတစ်ဦး နေအိမ်ရှေ့တွင် သေနတ်ပစ်ခံရ၍ သေဆုံး

ထန်းတပင်မြို့တွင် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးတစ်ဦး နေအိမ်ရှေ့တွင် သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျုံပါ(က) ရပ်ကွက်တွင်နေထိုင်သည့် ကြံ့ခိုင်ရေး ပါတီစည်းရုံးရေးမှူးတစ်ဦးကို PDF များမှ နေအိမ်ရှေ့တွင် သေနတ်ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၈ ရက် ည ၈ နာရီအချိန်တွင် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးတင်ဦးမှာ နေအိမ်၌ မိသားစု ဝင်များနှင့် အတူရှိနေစဉ် မီးပျက်သွားသောကြောင့် မီးစက်မောင်းထားပြီး မီးပြန်လာသောကြောင့် မီးစက်အား သွားပိတ်ရန်မှ ထိုအချိန်တွင် PDF များရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခံရမူကြောင့် သေဆုံးသွားသည့် အသက် (၇၁) နှစ်အရွယ် ဦးတင်ဦးမှာ ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ပစ်ခံရ၍ သေဆုံးသွားကြောင်း ထိုနေရာတွင် ၅.၅၆ ကျည်ခွံ ၁၄ ခု တွေ့ရှိ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post