ထန်းတပင်မြို့နယ်တွင် လင်မယားစကားများရန်ဖြစ်ပြီး ဇနီးသည်က ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံး
PUBLISHED - July 22, 2023
နေပြည်တော်၊ ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာတွင် ယမန်နေ့ ည ၁၀ နာရီအချိန်က လင်မယား စကားများ ရန်ဖြစ်ပြီး ဇနီးသည်က ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာနေထိုင်သူ ဦးသန်းဇော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာအေးတို့ ယမန်နေ့ ညပိုင်းက စကားများ ရန်ဖြစ်ပြီး ဒေါ်စန္ဒာအေးမှ ခင်ပွန်းဖြစ်သူ၏ ရင်ဘက်ကို အိမ် သုံးဓားဖြင့် ထိုးသွင်းခဲ့သဖြင့် ဦးသန်းဇော်မှာ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံးသွားကြောင်း သိရ သည်။
သို့ဖြစ်၍ ဒေါ်စန္ဒာအေး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia