• Follow Us on

Home ထန်းတပင်မြို့နယ်တွင် KNU/PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံး

ထန်းတပင်မြို့နယ်တွင် KNU/PDF ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀

 

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာအနီးတွင် ဇူလိုင် ၁၈ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်၌ KNU/PDF အဖွဲ့များ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးသွားကြောင်း သိ ရသည်။

 

ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ဖြူနု (၄၁) နှစ်၊ မောင်သူရိန်စိုး (၁၈) နှစ်နှင့် ကိုမိုး (၄၅) နှစ်တို့သည် ထင်းများသယ်ယူရန်အတွက် ဆိုင်ကယ် ၂ စီးဖြင့် ထွက်ခွာလာစဉ် ကျေးရွာ အနီးအရောက်တွင် KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ်ဖြူနုနှင့် မောင်သူရိန်စိုးတိုတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံး ခဲ့ပြီး ကိုမိုးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

 

#PeopleMedia


Share this post