ထမင်းချက်ရန် ထင်းရှာနေသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ဒဏ်ရာရ
PUBLISHED - September 4, 2023
နေပြည်တော်၊ စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ကုန်းရွာကျေးရွာရှိ ရာအိမ်မှူး ဦးသိန်းနွဲ့၏ သမီး ဖြစ်သူမှာ ထမင်းချက်ရန်အတွက် ထင်းရှာနေစဉ် PDF များမှ ၎င်းကိုသေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရ သည်။
စက်တင်ဘာလ ၁ ရက် နံနက် ၅:၃၀ အချိန်တွင် ရာအိမ်မှူး ဦးသိန်းနွဲ့၏ သမီးဖြစ်သူ မသီတာအောင်မှာ နေအိမ်ခြံဝင်းအတွင်း ထမင်းချက်ရန်အတွက် ထင်းရှာနေစဉ် PDF များမှ ခြေလျင်ဖြင့်ရောက်ရှိလာပြီး ထို အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် မသီတာအောင်၏ ညာဘက်ခြေသလုံး/ဒူးအထက် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)သည့် ဒဏ်ရာများရရှိပြီး ၎င်းမှာ အလယ်ကုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်း သိရသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးရာတွင် PDF များမှ ထိုအမျိုးသမီးကို ပစ်ခတ်သွားသည့် ကျည်မှာ ၅.၅၆ ကျည်ခွံ ၈ ခု၊ ၉ မမ ကျည်ခွံ ၆ ခုတို့ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia