• Follow Us on
Latest News

Home ထရမ့်ကိုထောက်ခံမယ့်သူတွေကို တစ်ရက် ဒေါ်လာတစ်သန်း မဲဖောက်ပေးမယ့် အီလွန်မတ်အစီအစဉ် ဥပဒေနဲ့ညီမညီ မေးခွန်းထုတ်ခံနေရ

ထရမ့်ကိုထောက်ခံမယ့်သူတွေကို တစ်ရက် ဒေါ်လာတစ်သန်း မဲဖောက်ပေးမယ့် အီလွန်မတ်အစီအစဉ် ဥပဒေနဲ့ညီမညီ မေးခွန်းထုတ်ခံနေရ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၄

 

Tesla နဲ့ SpaceX ကုမ္ပဏီတွေပိုင်ဆိုင်တဲ့ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး အီလွန်မတ်ဟာ နိုဝင်ဘာလ ၅ ရက် နေ့ ရွေးကောက်ပွဲမတိုင်ခင်အထိ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေကို တစ်ရက်ကို ဒေါ်လာ တစ်သန်း မဲ ဖောက်ပေးသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 

ရီပတ်ဘလီကန်သမ္မတလောင်းထရမ့် အနိုင်ရရှိရေးအတွက် အထောက်အကူပေးဖို့ အီလွန်မတ်ဖွဲ့စည်းထားတဲ့ PAC petition အဖွဲ့အတွက် လက်မှတ်ထိုးထားတဲ့သူတွေကို ဒေါ်လာတစ်သန်းမဲဖောက်ပေးမှာလို့ဆိုပါတယ်။

 

အီလွန်မတ်ရဲ့ အစီအစဉ်ဟာ ဥပဒေနဲ့ ညီမညီ ရွေးကောက်ပွဲရေးရာ ကျွမ်းကျင်သူတွေကြားမှာ မေး ခွန်းတွေ ထွက်ပေါ်နေပါတယ်။

 

ရွေးကောက်ပွဲမှာ မဲပေးဖို့ မှတ်ပုံတင်ထားသူတစ်ဦးကို PAC petition အဖွဲ့အတွက် လက်မှတ်ရေးထိုးပြီး ငွေ ကြေးထုတ်ပေးမှုနဲ့ ဆက်နွယ်နေတာဟာ ဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူတချို့ကပြောပေမဲ့ တရားရေးဝန်ကြီးဌာနကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိပါဘူူး။

 

ပိုင်ဆိုင်မှု ဒေါ်လာ ၂၄၂ ဘီလျံနဲ့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မတ်ဟာ သမ္မတဟောင်းဒေါ် နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရဖို့အတွက် ဒေါ်လာ သန်း ၇၀ ကျော်ထက်မနည်း အသုံးပြုသွားမှာဖြစ်တယ် လို့ ပြောကြားထားပြီးဖြစ်သလို လက်ရှိအချိန်မှာလည်း ထရမ့်ကို ထောက်ခံသူတွေ ပိုများလာအောင် မဲဆွယ် စည်းရုံးလျက်ရှိပါတယ်။

 

“ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဆောင်ရွက်ချက်တွေဟာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်နေတယ်ဆိုတာ ထင် ရှားပါတယ်။” လို့ မဲဆွယ်ပွဲဥပဒေရေးရာစင်တာရဲ့ အမှုဆောင်ဒါရိုက်တာ Adav Noti က CBS သတင်းဌာနကို ပြောပါတယ်။

 

“အီလွန်မတ်ဆောင်ရွက်တဲ့ တခြားအလုပ်တွေဟာ ဥပဒေနဲ့ အညီဖြစ်ကောင်းဖြစ်ပေမဲ့ အခုလို တစ်ရက်ကို ဒေါ် လာတစ်သန်းမဲဖောက်ပေးမယ်ဆိုတာကတော့ တရားဥပဒေနဲ့ မညီဘူးဆိုတာ သိသာထင်ရှားပါတယ်။” လို့ UCLA ဥပေဒတက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ရစ်ဟတ်ဆန်က ပြောပါတယ်။

 

မဲပေးဖို့ မှတ်ပုံတင်တဲ့သူကိုဖြစ်စေ မဲပေးဖို့အတွက်ဖြစ်စေ ငွေကြေးပေးတာကို ဥပဒေအရ တားမြစ်ထားကြောင်း ၎င်းက ထောက်ပြပါတယ်။

 

“ပြဿနာက ဒီဒေါ်လာတစ်သန်းမဲဖောက်ပေးမယ့်အစီအစဉ်နဲ့ အကျုံးဝင်နေသူတွေဟာ မဲပေးဖို့ မှတ်ပုံတင်ထား တဲ့သူတွေဖြစ်နေတာပါပဲ။ ဒါကိုက ဥပဒေချိုးဖောက်တာဖြစ်နေပါပြီ။” လို့ ဟတ်ဆန်က တယ်လီဖုန်းအင်တာဗျူး ကတစ်ဆင့် ပြောပါတယ်။

 

အီလွန်မတ်ရဲ့ ဒေါ်လာတစ်သန်းမဲဖောက်ပေးမယ့်ကိစ္စကို စိုးရိမ်မိကြောင်း ပန်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ် ရေးမှူးဖြစ်ပြီး နိုင်ငံတော်ရှေ့နေချုပ်ဟောင်းဖြစ်သူ ဒီမိုကရက်တစ်ပါတီဝင် ဂျို့ရှ်ရှာဖီယာက ပြောပါတယ်။

 

“ဒီပြိုင်ပွဲမှာ သူ ငွေဘယ်လောက်သုံးမလဲဆိုတာနဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်ထဲကို ငွေမည်းတွေ ဘယ် လောက်စီးဆင်းသွားမလဲဆိုတာက တကယ့်မေးခွန်းတွေဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ အခု ပန်ဆယ်ဗေး နီးယားပြည်နယ်သားတွေကို အိတ်ကပ်ထဲကောက်ထည့်ထားတာ မြင်နေရပြီမဟုတ်လား။ ဒါဟာ အလွန်စိုးရိမ် စရာကောင်းပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “လွတ်လပ်စွာပြောဆိုပိုင်ခွင့်” ကို ကာကွယ်ထားတဲ့ ပထမပြင်ဆင်ချက် နဲ့ “လက်နက်ကိုင်ဆောင်ခွင့်” ကို ထောက်ခံထားတဲ့ ဒုတိယပြင်ဆင်ချက်ကို ထောက်ခံအားပေးတဲ့ ၎င်းရဲ့ PAC petition ကော်မတီကို လက်မှတ်ထိုးထားတဲ့သူတွေကို နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက် ကို ဒေါ်လာ ၁ သန်း မဲဖောက်ပေးသွားမှာဖြစ်ကြောင်း အီလွန်မတ်က ပြီးခဲ့တဲ့ စနေနေ့က ပြောကြားခဲ့တာဖြစ်ပါ တယ်။

 

အဲဒီ စနေနေ့ (အောက်တိုဘာလ ၁၉ ရက်နေ့) က ပန်ဆယ်ဗေးနီးယားပြည်နယ် ဟားရစ်ဘာ့ဂ်မြို့မှာပြုလုပ်ခဲ့ တဲ့ပွဲမှာ မဲပေါက်ခဲ့တဲ့ ဂျွန်ဒရီးဟာဆိုသူ အမျိုးသားတစ်ဦးကို အီလွန်မတ်က ချက်လက်မှတ်တစ်စောင်ပေးအပ်ခဲ့ သလို တနင်္ဂနွေနေ့က ပွဲမှာလည်း တခြားတစ်ယောက်ကို မတ်က ချက်လက်မှတ်ပေးအပ်ခဲ့ပါတယ်။

 

Ref: Elon Musk is offering $1 million a day to sign his PAC petition. Is that legal?

 

#PeopleMedia


Share this post