ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းထားတဲ့ ပိဟဂ်ဆက်ဟာ တက်တူးထိုးထားတဲ့ အတွက် ဘိုင်ဒန်ကျမ်းကျိန်ပွဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခွင့် ရုပ်သိမ်းခံရဖူး
PUBLISHED - November 14, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄
အကြိုသမ္မတဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီးခန့်အပ်မယ်လို့ ကြေညာထားတဲ့ Fox News အစီအစဉ် တင်ဆက်သူ ပိဟဂ်ဆက်ဟာ ၂၀၂၁ ခုနှစ် သမ္မတဂျိုးဘိုင်ဒန် ကျန်းသစ္စာကျိန်ဆိုပွဲမှာ လုံခြုံရေးတာဝန်ဆောင် ရွက်ဖို့ ငြင်းပယ်ခံခဲ့ရတယ်လို့ Yahoo News Singapore မှာရေးသားဖော်ပြထားပါတယ်။
ပိဟဂ်ဆက်ကို တက်တူးထိုးထားတဲ့အတွက် ငြင်းပယ်ခဲ့တာဖြစ်ပြီး တက်တူးထိုးတာဟာ အစွန်းရောက်တွေရဲ့ သင်္ကေတတစ်ခုအဖြစ် စစ်ဖက်ထိပ်တန်းအရာရှိကြီးတွေက ယုံကြည်ထားကြလို့ဖြစ်တယ်လို့ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပိဟဂ်ဆက်ကတော့ ၎င်းရဲ့ရင်ဘတ်မှာ ဂျေရုဆလမ်လက်ဝါးကပ် တိုင်ပုံစံ တက်တူးထိုးထားကြောင်း ပြောပါတယ်။
ဂျေရုဆလမ်လက်ဝါးကပ်တိုင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ နီးပါးက ခရစ်ယာန်ခရူးဆိတ်စစ်ပွဲကနေ ဆင်း သက်လာတဲ့ လက်ဝါးကပ်တိုင်ပုံဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာတော့ အဲဒီဂျေရုဆလမ်လက်ဝါးကပ်တိုင်ပုံဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထိမ်းအမှတ် တစ်ခုအဖြစ်ရှိနေပြီး တချို့နေရာတွေမှာတော့ အဲဒီအမှတ်တံဆိပ်ဟာ မူဆလင်တွေနဲ့ လူဖြူမဟုတ်တဲ့သူတွေ အပေါ် အောင်နိုင်ခြင်းနဲ့ လွှမ်းမိုးခြင်း အမှတ်တံဆိပ်အဖြစ် သုံးကြတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်မှာ တက်တူးရှိလို့ဆိုပြီး ဝါရှင်တန်ဒီစီမှာရှိတဲ့ အမျိုးသားအစောင့်တပ်က ကျွန်တော့်ကို အစွန်းရောက် တစ်ဦးအဖြစ် မှတ်ယူခဲ့ပါတယ်။” လု့ိ အခုနှစ် နွေရာသီမှာထုတ်လွှင့်ခဲ့တဲ့ The Shawn Ryan Show အစီအစဉ် မှာ ပိဟဂ်ဆက်က ပြောခဲ့ပါတယ်။
“သမ္မတဂျိုင်းဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လုံခြုံရေးတာဝန်ယူရမယ့် ကျွန်တော့်ကို တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ကျွန်တော့်ကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခဲ့တဲ့ အရာက ဂျေရုဆလမ်လက်ဝါးကပ်တိုင်ပုံ ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီပုံဟာ ခရစ်ယာန်ဘာသာဝင်ရဲ့ အမှတ်သင်္ကေတသာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ပိဟဂ်ဆက်ကို အမေရိကန်ကြည်းတပ်၊ အမျိုးသားတပ်ဖွဲ့အရာရှိအဖြစ် ၂၀၀၃ ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ ဟဂ် ဆက်ဟာ အာဖဂန်နစ္စတန်၊ အီရတ်၊ ကျူးဘားက ဂွာတာနာမိုပင်လယ်အော်တို့မှာ ဗိုလ်မှူးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
“တိုင်းပြည်တာဝန်ထမ်းဆောင်ချင်လို့ ကျွန်တော် တပ်မတော်ထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အစွန်းရောက်ဝါဒ ဟာ ၉/၁၁ မှာ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော်တို့ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ကို ဆင်နွှဲ ခဲ့ရတယ်။ ၂၀၂၁ ခုနှစ်လည်းကျရော ဒီတပ်မတော်ကပဲ ကျွန်တော့်ကို အစွန်းရောက်ဝါဒီတစ်ယောက်အဖြစ် မှတ်ယူခဲ့ကြတယ်။” လို့ ၂၀၂၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “စစ်သူရဲတွေအပေါ် ဆင်နွှဲတဲ့စစ်ပွဲ” ဆိုတဲ့ ၎င်းရဲ့စာအုပ် မှာ ဖော်ပြခဲ့ပါတယ်။
“နောက်ဆုံးတော့ ကျွန်တော့်ခန္ဓာကိုယ်မှာ ဘာသာရေးအရ ထိုးထားတဲ့တက်တူးကြောင့် ကျွန်တော့်တပ်က အရာရှိတွေက ကျွန်တော်ဟာ အစွန်းရောက်တစ်ဦး ဒါမှမဟုတ် လူဖြူအမျိုးသားရေးဝါဒီတစ်ဦးလို့ မှတ်ယူကြ တယ်။ ဒါဟာ ခရစ်ယာန်အမှတ်သင်္ကေတသာဖြစ်ပြီး ဘာမှ အစွန်းရောက်သင်္ကေတ မဟုတ်ပါဘူးဗျာ။” လို့ ပိဟဂ်ဆက်က ပြောပါတယ်။
Ref: Trump’s Defense Secretary Pick Was Removed From Biden’s Inauguration For A Truly Wild Reason: Yahoo News Singapore
#PeopleMedia