• Follow Us on

Home ထရမ့်ထက် ဟားရစ်သမ္မတဖြစ်တာက ၎င်းတို့အတွက် ပိုအကျိုးရှိမှာကြောင်း ဂျပန်ကုမ္ပဏီတချို့ ယုံကြည်

ထရမ့်ထက် ဟားရစ်သမ္မတဖြစ်တာက ၎င်းတို့အတွက် ပိုအကျိုးရှိမှာကြောင်း ဂျပန်ကုမ္ပဏီတချို့ ယုံကြည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

အမေရိကန်ပြည်ထောင်စုမှာ ကမ်မလာဟားရစ် သမ္မတဖြစ်တာက ဒေါ်နယ်ထရမ့်သမ္မတဖြစ်တာထက် ၎င်းတို့ စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုကောင်းမွန်မယ်လို့ ဂျပန်ကုမ္ပဏီတချို့က ယုံကြည်နေကြောင်း ရိုက်တာသ တင်းဌာနက ကြာသပတေးနေ့ (သြဂုတ်လ ၁၅ ရက်နေ့) ကပြုလုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုတစ်ခုမှာ ဖော်ပြ ထားပါတယ်။

 

နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို ကမ္ဘာတစ်ဝန်းက နိုင်ငံတွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။

 

ဒါပေမဲ့ အမေရိကန်စစ်သည်ထောင်ပေါင်းများစွာ တပ်ဖြန့်ချထားတဲ့ အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံတစ် နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းရဲ့ အကျိုး သက်ရောက်မှုကို တွေ့ကြုံခံစားရမှာဖြစ်ပါတယ်။

 

ဂျပန်ကုမ္ပဏီတွေထဲက ၈% က ထရမ့်ကိုနှစ်သက်ပေမဲ့ ဂျပန်ကုမ္ပဏီ ၄၃% ကတော့ ၎င်းတို့ရဲ့ ကော်ပိုရိတ် မဟာဗျူဟာတွေ၊ စီးပွားရေးစီမံကိန်းတွေအရ ဟားရစ်သမ္မတဖြစ်မှာကို ပိုမိုလိုလားနှစ်သက်ကြကြောင်း ပြော ပါတယ်။

 

ဂျပန်ကုမ္ပဏီ ၄၆% ကတော့ ဟားရစ်နဲ့ ထရမ့် ဘယ်သူတက်တက် ကောင်းတယ်လို့ မြင်ကြပြီး ကျန်တဲ့ ၃% က တော့ ဘယ်သူ့ကိုမှ မကြိုက်ဘူးလို့ ပြောပါတယ်။

 

“နောက်ထပ် ထရမ့်အစိုးရတက်လာမယ်ဆိုရင် ကုန်သွယ်ရေးစစ်ပွဲ၊ စီးပွားရေး ပွတ်တိုက်မှုတွေနဲ့ လုံခြုံရေး ခြိမ်း ခြောက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ စီးပွားရေးမဟာဗျူဟာကို ပြောင်းလဲရမှာဖြစ်ပါတယ်။” လို့ ကြွေထည်မြေထည်ထုတ်လုပ်ရေးလုပ်ငန်းက မန်နေဂျာတစ်ဦးက ဆန်းစစ်လေ့လာမှုမှာ ရေးသားခဲ့ပါတယ်။

 

ဂျပန်နိုင်ငံအနေနဲ့ စစ်ရေးအကူအညီပေးနေတဲ့အတွက် အမေရိကန်ကို ငွေကြေးပိုမိုပေးသင့်ကြောင်း တောင်းဆို ခဲ့ပြီး ကုန်သွယ်ရေးတင်းမာမှုတွေရှိခဲ့တဲ့အတွက် ထရမ့်အစိုးရလက်ထက်မှာ ဂျပန်နဲ့ဆက်ဆံရေး အေးစက်ခဲ့ပါ တယ်။

 

“ဟားရစ်သာ သမ္မတဖြစ်လာခဲ့မယ်ဆိုရင် လက်ရှိမူဝါဒတွေကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ မျှော်လင့်ရပြီး အဲဒီလို ထိန်းသိမ်းသွားတဲ့အတွက် အနာဂတ်မှာလည်း ပိုမိုကောင်းမွန်လာတာကို မြင်ရနိုင်မယ်လို့ ထင်ကြောင်း” ဓာတုပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက အရာရှိတစ်ဦးက ပြောပါတယ်။

 

ထရမ့်အစိုးရတက်လာခဲ့ရင် ဘာတွေပြောင်းလဲဖို့ လိုအပ်မယ်ထင်သလဲလို့ မေးမြန်းတဲ့အခါ “ကုမ္ပဏီ ၂၈% က ၎င်းတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်တွေကို ပြန်လည်ချိန်ညှိရမှာဖြစ်ကြောင်းပြောဆိုပြီး ၂၁% က တရုတ်နိုင်ငံက ၎င်းတို့ လုပ်ငန်းတွေကို လျှော့ချရမှာဖြစ်ကြောင်းပြောဆိုခဲ့သလို ကုမ္ပဏီ ၃၄% က ၎င်းတို့ရဲ့ နိုင်ငံခြားငွေ လဲ လှယ်ရေးမဟာဗျူဟာကို ပြန်လည်ဆန်းစစ်လေ့လာသွားမှာဖြစ်တယ်” လို့ ဖြေကြားခဲ့ကြပါတယ်။

 

ထရမ့်ဟာ နိုင်ငံတကာကုန်သွယ်ရေးကို ကမောက်ကမဖြစ်စေနိုင်တဲ့ အမေရိကန်နိုင်ငံကို ဝင်လာတဲ့ ကုန်ပစ္စည်း တွေအပေါ် သွင်းကုန်စည်းကြပ်ခွန် ၁၀% ကောက်ခံသွားပြီး တရုတ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်စည်းကြပ် ခွန် အနည်းဆုံး ၅၀% ကောက်ခံဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

 

ရိုက်တာသတင်းဌာနကိုယ်စား Nikkei Research က ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့အထိ ကုမ္ပဏီပေါင်း ၅၀၆ ခုကို ဆန်းစစ်လေ့လာမှုလုပ်ခဲ့ရာ ကုမ္ပဏီ ၂၄၃ ခုက ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

အမေရိကန်ရွေးကောက်ပွဲမှာ ဘယ်သူပဲတက်တက် ဂျပန်ကုမ္ပဏီ ၁၃% က တရုတ်နိုင်ငံထဲက လုပ်ငန်းတွေကို လျှော့ချသွားဖို့ စဉ်းစားထားပြီး ၃% က ဆက်လက်တိုးချဲ့သွားဖို့ စဉ်းစားကာ ၄၇% ကတော့ လက်ရှိအနေအ ထားကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဖြေကြားပါတယ်။

 

Ref: Japan firms see Harris presidency as better for business than Trump, Reuters survey shows

 

#PeopleMedia


Share this post