• Follow Us on

Home ထရမ့်မဲဆွယ်အုပ်စုအတွက် နောက်ထပ် ဒေါ်လာ ၄၄ သန်း အီလွန်မတ် ထပ်မံထောက်ပံ့

ထရမ့်မဲဆွယ်အုပ်စုအတွက် နောက်ထပ် ဒေါ်လာ ၄၄ သန်း အီလွန်မတ် ထပ်မံထောက်ပံ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

 

ကမ္ဘာကျော်ဘီလျံနာသူဌေးကြီးအီလွန်မတ်ဟာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလီ ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အနိုင်ရရှိရေးအတွက် ကြိုးပမ်းနေစဉ် ၎င်းရဲ့ထရမ့်ထောက်ခံတဲ့ မဲဆွယ်အုပ် စုအတွက် အောက်တိုဘာလလယ်အတွင်း နောက်ထပ် ဒေါ်လာ ၄၄ သန်း ထပ်မံပေးအပ်လိုက်ပါတယ်။

 

အီလွန်မတ်ရဲ့ PAC အဖွဲ့ဟာ ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း ဒေါ်လာ ၇၅ သန်းရရှိခဲ့ပြီးဖြစ် ကြောင်း သတင်းထွက်လာပြီးနောက်မှာ အခုလို နောက်ထပ် ဒေါ်လာ ၄၄ သန်းကို ထပ်မံထောက်ပံ့လိုက်တာ ဖြစ်ပါတယ်။

 

ယှဉ်ပြိုင်မှုပြင်းထန်တဲ့ပြည်နယ်တွေမှာ မဲဆန္ဒရှင်တွေ တက်တက်ကြွကြွပါဝင်လာရေးအတွက် အဓိကအာရုံစိုက် ဆောင်ရွက်နေတဲ့ မတ်ရဲ့ America PAC အဖွဲ့က အောက်တိုဘာလ ပထမနှစ်ပတ်အတွင်း ဒေါ်လာ ၄၇ သန်း ကျော်သုံးစွဲခဲ့ကြောင်းလည်း ကြေညာခဲ့ပါတယ်။

 

ထရမ့်မဲဆွယ်ပွဲအဖွဲ့ဟာ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့အတွက် ပြင်ပအုပ်စုတွေကို အကြီးအကျယ်အားကိုးနေရတဲ့ အတွက် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မတ်ဖွဲ့စည်းထားတဲ့ PAC အဖွဲ့က ထရမ့်နဲ့ ကမ္မလာဟားရစ်တို့ ပြိုင်ပွဲမှာ နှာတစ်ဖျားအသာနဲ့ ကပ်နိုင်ဖို့အတွက် မျှော်လင့်ထားတဲ့ အရေးကြီးတဲ့ ပြင်ပအုပ်စုတစ်စုဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ ထရမ့်မဲဆွယ်ပွဲအဖွဲ့ကလည်း အောက်တိုဘာလ ပထမနှစ်ပတ်မှာ ကြော်ငြာတွေအတွက် ဒေါ်လာ ၈၈ သန်းကျော် သုံးစွဲခဲ့ပြီး မဲဆွယ်ပွဲနောက်ဆုံးအဆင့်အတွက် ဒေါ်လာ ၃၆ သန်း ကျန်ရှေိနေကြောင်း ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင်မှတ်တမ်းတွေအရ သိရပါတယ်။

 

ထရမ့်မဲဆွယ်ပွဲအဖွဲ့ဟာ အခုနှစ်မဲဆွယ်ကာလအတွင်း ဒေါ်လာ ၁၆ သန်း ရှာဖွေနိုင်ခဲ့ပါတယ်။

 

ကမ္မလာဟားရစ်ရဲ့ မဲဆွယ်ပွဲအဖွဲ့ကတော့ မကြာသေးခင်လများအတွင်း ထရမ့်မဲဆွယ်ပွဲအဖွဲ့ထက် ရန်ပုံငွေ ပိုမို ရှာဖွေနိုင်ခဲ့သလို ပိုမိုသုံးစွဲခဲ့ပေမဲ့လည်း အခုလ ပထမနှစ်ပတ်အတွင်း မဲဆွယ်ပွဲဘဏ္ဍာရေး ရရှိ/သုံးစွဲမှုအခြေအ နေကို မထုတ်ပြန်သေးဘူးလို့ ဆိုပါတယ်။

 

နောက်ထပ် ကွန်ဆာဗေးတစ် PAC အဖွဲ့ဖြစ်တဲ့ Sentinel Action Fund ဆိုတဲ့အဖွဲ့ကလည်း အီလွန်မတ်ထံက ဒေါ်လာ ၂.၃ သန်း လက်ခံရရှိခဲ့ပါတယ်။

 

America PAC အဖွဲ့ကို ရန်ပုံငွေအများအပြားလှူဒါန်းမှုကြောင့် အီလွန်မတ်ဟာ ဘဏ်လုပ်ငန်းရှင်တင်မိုသီ မယ်လ်လွန်နဲ့ ကာစီနိုဘီလျံနာ မာရီရမ်အဒဲလ်ဆန်တို့ပါဝင်တဲ့ ရီပတ်ဘလီကန် အကြီးစားသီးသန့်အလှူရှင်အဖွဲ့ စာရင်းထဲမှာပါဝင်သွားပါတယ်။

 

Ref: Musk sends $44 million more to back Trump

 

#PeopleMedia


Share this post