ထရမ့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ဟာ ယူကရိန်းကို သစ္စာဖောက်တယ်ဆိုတဲ့ပြောဆိုချက်ကို အမေရိကန်ငြင်းဆို

PUBLISHED - February 14, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
အမေရိကန်သမ္မတက ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ပြောဆိုဆွေးနွေးဖို့ လမ်းဖွင့်ပေးခြင်းအားဖြင့် ယူကရိန်းနိုင်ငံကို သစ္စာဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို သမ္မတဒေါ်နယ်ထရမ့်ရဲ့ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ကြာသပတေးနေ့) က ငြင်းဆိုလိုက်ပါတယ်။
အာဏာရပြီးကတည်းက့ ပထမဦးဆုံးအကြိမ် သမ္မတပူတင်နဲ ဖုန်းပြောဆိုပြီးနောက်သုံးနှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ယူ ကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှားအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေစတင်ဆောင်ရွက်ဖို့ သဘောတူညီလိုက်ကြောင်း ထရမ့် ကကြေညာလိုက်တဲ့အတွက် ဥရောပမဟာမိတ်နိုင်ငံတွေ အံ့အားသင့်သွားပါတယ်။
ယူကရိန်းအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးဆွေးနွေးဖို့ ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ သမ္မတပူတင် နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်ဆိုတာကို အမေရိကန်သမ္မတထရမ့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ယူကရိန်းပိုင်နယ်မြေအားလုံးကို ပြန်လည်တောင်းဆိုမှုနဲ့ နေတိုးအဖွဲ့ရဲ့ စစ်ထီးရိပ်အောက် ပူးပေါင်းပါဝင်ဖို့ ဆောင်းဆို နေတဲ့ ယူကရိန်းနိုင်ငံရဲ့ ရည်မှန်းချက်တွေကို ထရမ့်အစိုးရက အားပေးခြင်းမရှိတဲ့နောက်မှာ အခုလို ပြောကြားချက်ထွက် ပေါ်လာတာပဲဖြစ်ပါတယ်။
“ဒီနေရာမှာ ဘာမှသစ္စာဖောက်တာ မရှိပါဘူး။ ဒီနေရာမှာရှိတာက ကမ္ဘာကြီးတစ်ခုလုံးနဲ့ အမေရိကန်ပြည်ထောင်စုကို လုပ်ပိုင်ခွင့်အပ်နှင်းထားပြီး ငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်ဆိုတဲ့ အသိအမှတ်ပြုမှုတစ်ခုပါ။” လို့ ဘရပ်ဆဲလ်မှာကျင်း ပတဲ့ နေတိုးကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ပြော ပါတယ်။
“ဒီအခြေအနေတွေဟာ သူတို့တွေ မဖြစ်ချင်တဲ့အခြေအနေတွေဆိုတာကို နှစ်ဖက်စလုံးက အသိအမှတ်ပြုဖို့လို ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
နျူကလီးယားအင်အားကြီးနှစ်နိုင်ငံ တိုက်ရိုက်စေ့စပ်ညှိနှိုင်းတဲ့ပွဲတွေကနေ ယူကရိန်းကို သီးခြားဖယ်ထုတ်ထားတယ် ဆိုတာ မမှန်ကြောင်း စစ်ပွဲအမြန်ရပ်ဆိုင်းဖို့ တောက်လျှောက်တွန်းအားပေးနေတဲ့ ထရမ့်က ငြင်းဆိုပါတယ်။
သမ္မတပူတင်နဲ့ ဆွေးနွေးခဲ့တာ တစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး လက်ရှိအချိန်ဟာ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ကောင်း ဖြစ်တယ်ဆိုတာကို နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
သမ္မတပူတင်နဲ့ စကားပြောဆိုပြီးနောက် အမေရိကန်သမ္မတထရမ့်ဟာ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကို ဖုန်း ခေါ်ပြီး ၎င်းနဲ့ ပူတင် ပြောဆိုဆွေးနွေးခဲ့တာတွေကို ပြန်လည်မျှဝေခဲ့တယ်လို့ ဆိုပါတယ်။
စေ့စပ်ညှိနှိုင်းရေးတွေ စတင်နိုင်ဖို့အတွက် သောကြာနေ့မှာ မြူးနစ်မြို့မှာကျင်းပမယ့် လုံခြုံရေးအစည်းအဝေးတစ်ခုမှာ အမေရိကန်ဒုတိယသမ္မတဂျေဒီဗန့်စ်နဲ့ တွေ့ဆုံဖို့ ဇီလန်စကီးက စီစဉ်ထားပါတယ်။
Ref: US denies Trump peace push a ‘betrayal’ of Ukraine
#PeopleMedia