• Follow Us on
Latest News

Home ထရမ့်ရဲ့ ဂါဇာဒေသအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်အမတ်တွေ ပယ်ချ

ထရမ့်ရဲ့ ဂါဇာဒေသအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်အမတ်တွေ ပယ်ချ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

 

ဂါဇာဒေသကို သိမ်းပိုက်ပြီး ပါလက်စတိုင်းတွေကို နှင်ထုတ်မယ့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်လင်းဇီးဂရေဟန်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တနင်္လာနေ့) က ပယ်ချလိုက် ပါတယ်။

 

အာရပ်နိုင်ငံတွေက အလုပ်ဖြစ်တဲ့အပြောင်းအလဲတစ်ခုခု တင်ပြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဒီမိုကရက်အထက် လွှတ်တော်အမတ် ရစ်ချတ်ဘလူးမန်ထာက ပြောကြားခဲ့သလို အထက်လွှတ်တော်အမတ် ဂရေဟန်က သမ္မတ အဆိုပြု ချက်ကို အခုလို ပယ်ချလိုက်တာဖြစ်ပါတယ်။

 

အခု လွှတ်တော်အမတ်နှစ်ဦးဟာ ထရမ့်ရဲ့အငြင်းပွားဖွယ်ရာအဆိုပြုချက်ကို ထောက်ခံကြောင်း တနင်္ဂနွေနေ့က ထပ်မံ ပြောကြားခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုနဲ့ တဲလ်ဗစ်မှာ အစောပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြတဲ့ အ မေရိကန် ပါတီနှစ်ရပ်ပေါင်း အထက်လွှတ်တော်အမတ်အဖွဲ့က ထင်ရှားတဲ့အမတ်တွေဖြစ်ပါတယ်။

 

အစ္စရေးအာဏာပိုင်တွေကတော့ ထရမ့်ရဲ့ အဆိုပြုချက်ကို သဘောကျနေသလို အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်ကလည်း “ပါလက်စတိုင်းတွေ ဂါဇာဒေသကနေ မိမိသဘောဆန္ဒအလျောက်ထွက်ခွာသွားနိုင်အောင်” အစီအစဉ် တစ်ရပ် ရေးဆွဲပြင်ဆင်ထားဖို့ အစ္စရေးစစ်တပ်ကို ညွှန်ကြားထားပါတယ်။

 

ဒါပေမဲ့ ထရမ့်ရဲ့ကာလရှည် မဟာမိတ်တစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကိစ္စရပ်တွေမှာ သြဇာကြီးမားပြီး ကွန်ဂရက်လွှတ်တော်ထဲက အဓိက ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဂရေဟန်က တော့ “ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အမေရိကန်က ဂါဇာဒေသကို လွှဲပြောင်းယူမယ်ဆိုတာကို အထက်လွှတ်တော်ထဲမှာ သ ဘောတွေ့တဲ့သူ မရှိသလောက်ပဲ။” လို့ သတင်းထောက်တွေကို ပြောပါတယ်။

 

ရစ်ချတ်ဘလူးမန်ထာကလည်း “ဒီအစီအစဉ်ဟာ အောင်မြင်ဖို့ အလားအလာ လုံးဝမရှိနိုင်တဲ့ အစီအစဉ်တစ်ရပ်ဖြစ် တယ်။” လို့ ပြောပါတယ်။

 

ဝေဖန်သူတချို့က ထရမ့်ရဲ့အစီအစဉ်ဟာ လူမျိုးတုန်းရှင်းလင်းရေးလုပ်နေတာနဲ့ အတူတူပဲလို့ ပြောသလို အာရပ်နိုင်ငံ တွေက အာဏာပိုင်တွေကလည်း ထရမ့်ရဲ့အစီအစဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်နေကြပါတယ်။ နတန်ယာဟုကတော့ ဂါဇာဒေသက ပါလက်စတိုင်းတွေကို ဂါဇာက ထွက်ခွာသွားဖို့ ရွေးချယ်ခွင့်ပေးသင့်တယ်လို့ တနင်္လာနေ့က ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးကက်ဇ်ကလည်း ဂါဇာဒေသကနေ ပါလက်စတိုင်းတွေ မိမိသဘောဆန္ဒအလျောက်ထွက်ခွာသွား နိုင်အောင် ၎င်းရဲ့ဝန်ကြီးဌာနမှာ ဦးစီးဌာနတစ်ခု ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 

“သမ္မတထရမ့်လုပ်ခဲ့တာက တစ်ခုပဲရှိတယ်။ သူက အရမ်း အချိန်နှောင်းသွားပြီဖြစ်တဲ့ ဆွေးနွေးပွဲတစ်ခုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေက ဂါဇာဒေသအတွက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တစ်ခုကို ရှာဖွေဖို့ သဘောပေါက်နေ ကြပါပြီ။” လို့ ဂရေဟန်က ပြောပါတယ်။

 

ဆော်ဒီအာရေးဘီးယား၊ ယူအေအီး၊ ဂျော်ဒန်နဲ့ အီဂျစ် အာဏာပိုင်တွေကတော့ ထရမ့်ရဲ့ အဆိုပြုချက်ကို ပြန်လည်တုံ့ ပြန်နိုင်ရေး အစီအစဉ်တစ်ရပ်ရေးဆွဲဖို့ မျှော်လင့်ရေး ဂါဇာဒေသရဲ့ အနာဂတ်အတွက် ဆွေးနွေးဖို့ အခုလအတွင်း တွေ့ဆုံ ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

Ref: In Israel, US senators dismiss Trump’s Gaza plan, say Arab states to have viable alternative: (Reuters)

 

#PeopleMedia


Share this post