ထရမ့်အစိုးရက ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုအသစ်တွေ ယူဆောင်လာမည်
PUBLISHED - November 7, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၇
ဗုဒ္ဓဟူးနေ့က ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရရှိလိုက်တာဟာ ထိုင်းစီး ပွားရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ထားရမယ့် အရေးကြီးတဲ့အပြောင်းအလဲတွေနဲ့အတူ ကမ္ဘာ့ နိုင်ငံရေး၊ သံ တမန်ရေးနယ်ပယ်က သြဇာလွှမ်းမိုးမှုနဲ့ အင်အားအတွက် ရှင်းလင်းပြတ်သားတဲ့ အပြောင်းအလဲတစ်ရပ် ထွက် ပေါ်လာမှာဖြစ်ကြောင်း ထိုင်းအမျိုးသား ကုန်တင်သင်္ဘောလုပ်ငန်းရှင်များကောင်စီ (TNSC) က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ထရမ့်ရဲ့ အမေရိကန်ပထမမူဝါဒ (America First policy) အရ ကမ္ဘာ့မဟာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိ ကန်နဲ့ တရုတ်ဟာ ပိုမိုဝေးကွာလာမှာဖြစ်တဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးဟာ ပိုမိုကွဲပြားရှုပ်ထွေးလာမှာ ဖြစ် ကြောင်း TNSC ဥက္ကဋ္ဌ ချိုင်းချန်းချာရွန်ဆတ်က ပြောပါတယ်။
“တခြား ဆက်စပ်အခြေခံအကြောင်းရင်းတွေကနေ ခန့်မှန်းလို့မရနိုင်တဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုတွေနဲ့ သွယ်ဝိုက်အကျိုးသက်ရောက်မှုတွေ အချိန်မရွေးထွက်ပေါ်လာနိုင်တဲ့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းတွေ အ ထူးသဖြင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေရှိအောင် ညှိနှိုင်းပြင်ဆင်ထားရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲသစ် နောက်တစ်ကျော့ထပ်မံပေါ်ထွက်လာတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံကို ဒေသတွင်း လော်ဂျစ်စတစ်ဗဟိုချက်မနိုင်ငံအဖြစ်ရောက်ရှိလာစေရေးနဲ့ တရုတ် နိုင်ငံက ထုတ်လုပ်ရေးစက်ရုံတွေ ပြန်လည်နေရာချထားရေးကို တိုက်တွန်းအားပေးမယ့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ် ခေါ်နိုင်မယ့် အခြေအနေတစ်ရပ်ကို ဖန်တီးဖို့ လိုအပ်ကြောင်း ချိုင်းချန်းက ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ ထိုင်းနိုင်ငံအတွင်းမှာသာမကဘဲ အာဆီယံဒေသနဲ့ အိန္ဒိယပါ ပါဝင်တဲ့ ဒေသတွင်းကို ပြောင်းလဲ ရွေ့လျားမယ့် ထောက်ပံ့ရေးကွင်းဆက်က ခွဲထုတ်မရတဲ့ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာရမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
ထိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမေရိကန် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒသစ်ရဲ့ အကျိုးသက်ရောက်မှုတွေ ကို အစားထိုးဖို့အတွက် ဈေးကွက်သစ်တွေ ရှာဖွေထားဖို့လည်း TNSC အကြီးအကဲက တိုက်တွန်းထားပါတယ်။
“ဥပမာအနေနဲ့ အမေရိကန်နိုင်ငံက လျှပ်စစ်ကားတွေကို ဆန့်ကျင်ပြီး အတွင်းပေါက်ကွဲမှုအင်ဂျင်အသုံးပြုကား တွေကို ဦးစားပေးတဲ့ မူဝါဒတွေ ကျင့်သုံးလာမယ်ဆိုရင် မိမိတို့နိုင်ငံက ကားပစ္စည်းအစိတ်အပိုင်းတွေကို မြောက် အမေရိကနဲ့ တောင်အမေရိကကို တင်ပို့နိုင်ရေး တိုးချဲ့ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းတစ်ခုရ လာမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
မဟာအင်အားကြီးနိုင်ငံတွေရဲ့ မတူကွဲပြားမှုတွေကြောင့် ပြဿနာတွေ ပိုမိုရှုပ်ထွေးအကဲဆတ်လာမှာဖြစ်တဲ့အ တွက် ထိုင်းနိုင်ငံအနေနဲ့ ရှေ့ခရီးဆက်နေတဲ့ နိုင်ငံခြားကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေးတွေဆောင်ရွက်တဲ့အခါ ဘက်ပေါင်းစုံက အကျိုးသက်ရောက်မှုတွေကို ချင့်ချိန်စဉ်းစားဖို့လိုကြောင်း ချိုင်းချန်းက ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ မိမိတို့အတိတ်ကာလတုန်းကကျင့်သုံးခဲ့သလို ဘက်မလိုက်ဝါဒကို ဆက်လက်ကျင့်သုံးရမှာဖြစ် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေကို အသုံးပြုပြီး ပြည်တွင်းထုတ်လုပ်သူတွေ ဈေးနှုန်းလျှော့ချတာကို ကူညီဆောင်ရွက်ဖို့ လိုသလို ပိုမိုတင်းကျပ်စွာစစ်ဆေးတဲ့မူဝါဒကို အကောင်ဖော်ပြီး ကျွန် တော်တို့ ကိုယ်ပိုင်ဈေးကွက်ထဲကို ဈေးပေါတဲ့ တရုတ်သွင်းကုန်တွေ ဒလဟောစီးဝင်လာတာကို ကာကွယ်ဖို့ လည်း လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Trump administration brings new challenges for Thai business
#PeopleMedia