• Follow Us on
Latest News

Home ထရမ့်အစိုးရတက်လာရင် အန္တရာယ်ရှိတဲ့နိုင်ငံထဲမှာ ထိုင်းနိုင်ငံ အဆင့် ၂ အဖြစ် ပါဝင်

ထရမ့်အစိုးရတက်လာရင် အန္တရာယ်ရှိတဲ့နိုင်ငံထဲမှာ ထိုင်းနိုင်ငံ အဆင့် ၂ အဖြစ် ပါဝင်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

 

ထိုင်းနိုင်ငံဟာ ဒေါ်နယ်ထရမ့်အစိုးရတက်လာရင် အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့်နိုင်ငံတွေထဲမှာ အဆင့် ၂ ရရှိတဲ့နိုင်ငံဖြစ် ကြောင်း တီထွင်ဖန်တီးမှုနဲ့ နည်းပညာသတင်းအချက်အလက်ဖောင် ဒေးရှင်း (ITIF) ရဲ့ “ထရမ့်အန္တရာယ်ညွှန်းကိန်း” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံ ၃၉ နိုင်ငံဟာ အန္တရာယ်ရှိတဲ့နိုင်ငံတွေ ဖြစ်လာမှာဖြစ် ကြောင်း ITIF ရဲ့ အစီရင်ခံစာမှာ ဖော်ပြရာမှာ အဆင့် ၂ ရရှိခဲ့တဲ့ ထိုင်းနိုင်ငံဟာ ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ အာရှတိုက်ရဲ့ တစ်နိုင်ငံတည်းအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

 

အဆိုပါအစီရင်ခံစာထဲမှာ ထိုင်းနိုင်ငံရဲ့ ထိခိုက်လွယ်တဲ့အားနည်းချက်တွေကို ဖော်ပြထားရာမှာ အထူးသဖြင့် အမေရိ ကန်နဲ့ ကုန်သွယ်မှုပိုငွေ သိသိသာသာများပြားနေခြင်းနဲ့ ကာကွယ်ရေးအသုံးစရိတ်နည်းပါးနေခြင်းတို့ကို ဦးစားပေးဖော် ပြထားပါတယ်။

 

ထိုင်းနိုင်ငံနဲ့အတူ အန္တရာယ်ရင်ဆိုင်ရမယ့် ထိပ်ဆုံးငါးနိုင်ငံထဲမှာ မက္ကဆီကို၊ ဆလိုဗေးနီးယား၊ သြစတီးရီယားနဲ့ ကနေဒါ တို့ပါဝင်ပါတယ်။

 

အဆိုပါနိုင်ငံတွေဟာလည်း ထိုင်းနိုင်ငံလိုပဲ အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေ သိသိသာသာများပြားနေပြီး နိုင်ငံ GDP နဲ့ နှိုင်းယှဉ်ရင် ကာကွယ်ရေးစရိတ်အသုံးပြုမှု နည်းပါးနေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

 

ဒီငါးနိုင်ငံထဲမှာ မက္ကဆီကိုနဲ့ ထိုင်းနိုင်ငံကတော့ အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေ အများဆုံးနှစ်နိုင်ငံဖြစ်ပါတယ်။

 

နောက်ထပ်ပြဿာနာကတော့ စစ်ရေး၊ သံတမန်ရေးနဲ့ နည်းပညာအခြေပြုစီးပွားရေးနယ်ပယ်တွေမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုအပေါ် တုံ့ပြန်ရေးအတွက် အမေရိကန်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်ရာမှာ အဆိုပါနိုင်ငံတွေဟာ အပြည့်အဝစိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ထရမ့်ရဲ့ “အမေရိကန်ပထမဦးစားပေး” မူဝါဒအရ အမေရိကန်စီးပွားရေးလမ်းကြောင်းဖွင့်ထားမှုကတစ်ဆင့် အချိုးမကျဘဲ အကျိုးအမြတ်ရယူနေတဲ့ နိုင်ငံတွေ ဒါမှမဟုတ် အမေရိကန်ကို ခိုင်ခိုင်မာမာ ထောက်ပံ့မယ့် အစား စီးပွားရေးအသာစီး ရဖို့အတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတွေအနေနဲ့ တင်းကျပ်တဲ့စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

အန္တရာယ်အကင်းဆုံးနိုင်ငံ ငါးနိုင်ငံကတော့ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယား၊ ပိုလန်၊ လတ်ဗီးယားနဲ့ သြစတေးလျ နိုင်ငံတို့ဖြစ်ပါတယ်။

 

Ref: Thailand among top 10 high-risk nations under Trump’s 2.0 govt

 

#PeopleMedia


Share this post