ထရမ့်အနေနဲ့ တရားရုံးဆုံးဖြတ်ချက်တွေကို လိုက်နာသင့်ကြောင်း အမေရိကန်အများစုပြော

PUBLISHED - March 26, 2025
နိုင်ငံတကာ၊ မတ် ၂၆
ဖက်ဒရယ်တရားသူကြီးတွေက သမ္မတရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကို တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ သမ္မတက ဝေဖန်နေတာတောင်မှ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ ဖက်ဒရယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာ သင့်တယ်လို့ အမေရိကန်ပြည်သူအများစုက ယုံကြည်ထားကြောင်း Reuters/Ipsos က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ သိရပါတယ်။
ဒါပေမဲ့ ပြန်လည်ဖြေကြားသူ အထူးသဖြင့် ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီဝင်တွေကတော့ အမေရိကန်နိုင်ငံထဲမှာ တရား မဝင်နေထိုင်သူတွေကို မူရင်းနိုင်ငံပြန်ပို့တဲ့ ဦးစားပေးအလုပ်တစ်ခုကို လုပ်တဲ့အခါ ထရမ့်ကို လွတ်လပ်ခွင့်ပိုပေးဖို့ အသင့် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ မကြိုက်နှစ်သက်ဘူးဆိုရင်တောင် ဖက်ဒရယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေ ကို လေးစားလိုက်နာသင့်တယ်ဆိုတဲ့” ဖော်ပြချက်ကို ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်နှစ်ဖွဲ့စလုံးက အများစုပါဝင်တဲ့ ပြန် လည်ဖြေဆိုသူ ၈၂% က ဖြေကြားခဲ့ကြောင်း တနင်္ဂနွေနေ့က ပြီးသွားတဲ့ သုံးရက်ကြာဆန်းစစ်လေ့လာမှုစစ်တမ်းမှာ ဖော် ပြထားပါတယ်။
မကြာသေးခင်က နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ “တရားရုံးက အမိန့်ထုတ်ခဲ့ပေမဲ့ လည်း အန္တရာယ်တစ်ခုအဖြစ်ရှုမြင်ထားတဲ့အတွက် ထရမ့်အစိုးရအနေနဲ့ အဆိုပါနိုင်ငံခြားသားတွေကို မူရင်းနိုင်ငံပြန်ပို့ တာကို ဆက်လက်ဆောင်ရွက်သင့်တယ်” ဆိုတဲ့ ဖော်ပြချက်ကိုတော့ ရီပတ်ဘလီကန် ၇၆% က သဘောတူထောက်ခံ ခဲ့ပေမဲ့ ဒီမိုကရက်က ၈% သာ ထောက်ခံခဲ့ပါတယ်။
တရားရုံးတွှေက အမေရိကန်သမ္မတရဲ့အာဏာကို ထိန်းချုပ်စစ်ဆေးနိုင်စွမ်းရှိသင့်ကြောင်း ထရမ့်ပါတီဝင်အများစုက ယုံ ကြည်နေဆဲဖြစ်ပေမဲ့ ရီပတ်ဘလီကန်အများအပြားဟာ နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရှုမြင်ထားတဲ့ အဲဒီ နိုင် ငံခြားသားတွေကို တရားရုံးအမိန့်ကို အာခံပြီး မူရင်းနိုင်ငံပြန်ပို့ခဲ့တဲ့ ထရမ့်ကို ထောက်ခံနေကြောင်း စစ်တမ်းရလဒ်တွေအ ရ သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးတွေနဲ့ အကြီးအကျယ်အငြင်းပွားရာမှာ ဗန်နီဇွဲလား ရာဇဝတ်ဂိုဏ်းနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မူရင်းနိုင်ငံပြန်ပို့ဖို့တာကို တရားသူကြီးတစ်ဦးက ယာယီတားဆီး မိန့်ထုတ်ပြန်ထားပေမဲ့ အဲဒီရွှေ့ပြောင်းတွေ ပြန်ပို့ဖို့အတွက် ထရမ့်အစိုးရဟာ ၁၈ ရာစုက ဥပဒေ တစ်ခုကို ကိုးကားပြော ဆိုခဲ့ပါတယ်။
တရားရုံးက အမိန့်ထုတ်လိုက်တဲ့အချိန်မှာ အဲဒီအချိန်က ထွက်ခွာသွားပြီဖြစ်တဲ့ နေရပ်ပြန်ပို့လေယာဉ် နှစ်စင်းကို ထရမ့် အစိုးရက ပြန်လည်ခေါ်ယူတာမျိုး မရှိခဲ့တဲ့အတွက် အစိုးရအဖွဲ့ဟာ တရားရုံးအမိန့်ကို ချိုးဖောက်ခဲ့သလားလို့ မေးခွန်း တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဖြေဆိုသူ ၄၅% ကတော့ သမ္မတထရမ့်ရဲ့ဆောင်ရွက်ချက်တွေကို အခုအချိန်အထိ ထောက်ခံကြောင်း ပြန်လည်ဖြေဆို ခဲ့ပါတယ်။ ဖြေဆိုသူ ၃၈% ကတော့ ထရမ့်ရဲ့ အမေရိကန်စီးပွားရေးကို ပြန်လည်ထိန်းသိမ်းနေမှုကို ထောက်ခံခဲ့ပါတယ်။ ဖြေဆိုသူ ၃၄% ကတော့ အမေရိကန်မှာ လူနေမှုစရိတ်တွေနဲ့ ပတ်သက်ပြီး ထရမ့်ဟာ ကောင်းမွန်တဲ့အလုပ်ကို ဆောင် ရွက်နေတာဖြစ်ကြောင်း ပြောပါတယ်။
ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ဖြေဆိုသူ ၃၇% က ထောက်ခံခဲ့ပါတယ်။ Reuters/Ipsos အဖွဲ့ဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အရွယ်ရောက်ပြီး အမေရိကန်ပြည်သူ ၁၀၃၀ ကို အွန်လိုင်းကတစ်ဆင့် ဆန်းစစ်လေ့လာခဲ့တာဖြစ်ပါတယ်။
Ref: Majority of Americans Believe Presidents Should Obey the Courts, Reuters/Ipsos Poll Finds
#PeopleMedia