ထရမ့်အပေါ်တိုက်ခိုက်မှု လူတိုင်းက ပြစ်တင်ရှုတ်ချရမှာဖြစ်ကြောင်း ဘိုင်ဒန်ပြော

PUBLISHED - July 15, 2024
နိုင်ငံတကာ၊ ဇူလိုင် ၁၅
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို လူတိုင်းက ပြစ်တင်ရှုတ်ချရမှာဖြစ်ပြီး ၎င်းရဲ့ ၂၀၂၄ ခုနှစ် သမ္မတလောင်းပြိုင်ဘက်နဲ့ မကြာခင် စကားပြောခွင့်ရဖို့ မျှေျာ်လင့်ကြောင်း အမေရိကန်သမ္မတဂျိုး ဘိုင်ဒ်နက စနေနေ့ (ဇူလိုင်လ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ထရမ့်အခြေအနေကောင်းကြောင်း သတင်းကြားရတဲ့အတွက် စိတ်အေးရကြောင်း ပစ်ခတ်မှုအပြီး နှစ်နာရီခန့်အ ကြာမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်မိန့်ခွန်းမှာ ဂျိုးဘိုင်ဒန်က ထည့်သွင်းပြောကြားသွားပါတယ်။
၎င်းအနေနဲ့ မိန့်ခွန်းပြောခင်က ထရမ့်ထံမရောက်ရှိနိုင်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှု သတင်းအချက်အလက်အ သေးစိတ်ကို ပြောကြားရမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိအောင် အချိန်နဲ့ တပြေးညီထုတ်ပြန် သွားဖို့ စနေနေ့နှောင်းပိုင်းမှာ ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။
“ဒီလိုကိစ္စမျိုးတွေကို ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး။ အမေရိကမှာ အခုလို အကြမ်းဖက်မှုမျိုးဆိုတာ ထုံးစံမရှိပါ ဘူး။” လို့ ၎င်းက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို သမ္မတဟောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုလို့ တရားဝင် မပြောခင်မှာ နောက်ထပ် သ တင်းအချက်အလက်တွေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော်ထင်တာ တစ်ခုတော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ခိုင်လုံတဲ့သက်သေအထောက်အထားတော့ မရှိ သေးပါဘူး။” လို့ ဘိုင်ဒန်က ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ သမ္မတတွေခရီးသွားတဲ့အချိန်တိုင်းမှာ မိနစ်ပိုင်းအတွင်း နိုင်ငံကို မိန့်ခွန်းပြောကြားဖို့ တည်ဆောက်ထားတဲ့ ဒီလာဝဲပြည်နယ်၊ ရဟိုးဘာ့သ်ကမ်းခြေက အိမ်ဖြူတော် အရေးပေါ်အစည်းအဝေးခန်း ထဲကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထရမ့်မဲဆွယ်ပွဲပစ်ခတ်မှုအပြီး ဘိုင်ဒန်ကိုထောက်ခံနေသူတွေကို ပြောကြားနေတာတွေနဲ့ ရုပ်သံကထုတ်လွှင့် နေတဲ့ကြော်ငြာတွေအားလုံးကို ရပ်တန့်ထားလိုက်တော့မှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန်မဲဆွယ်ပွဲအဖွဲ့က ပြောပါ တယ်။
ထရမ့် သတင်းကိုကြားသိရပြီး ကြီးကြီးမားမား ထိခိုက်တာမရှိတဲ့အတွက် ၎င်းနဲ့ ခင်ပွန်းဖြစ်သူက စိတ်အေး သွားခဲ့ကြောင်း ဒုတိယသမ္မတကမ်မလာဟားရစ်က ကြေညာချက်ထဲမှာ ပြောပါတယ်။
“သူရယ်၊ သူ့မိသားစုရယ်၊ ဒီ အဓိပ္ပါယ်မရှိတဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရယ်အတွက် ကျွန်မတို့ ဆုတောင်းပေးနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Biden says ‘everybody must condemn’ attack on Trump
#PeopleMedia