• Follow Us on

Home ထရမ့်အဖွဲ့က ပင်တဂွန်စစ်ဗိုလ်ချုပ်တွေကို အလုပ်ဖြုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်

ထရမ့်အဖွဲ့က ပင်တဂွန်စစ်ဗိုလ်ချုပ်တွေကို အလုပ်ဖြုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄

 

ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်အဖွဲ့ဟာ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌအပါအဝင် အလုပ်ဖြုတ်ပစ် နိုင်ဖွယ်ရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့အမည်စာရင်းကို ပြုစုနေတယ်လို့ သတင်းရင်းမြစ်နှစ်ဦး က ပြောကြောင်း Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။

 

အခုလိုအလုပ်ဖြုတ်ဖို့ စီစဉ်နေတာဟာ နိုဝင်ဘာလ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက် ပထမ ဦးဆုံးစတင်ဆောင်ရွက်တဲ့အဆင့်ဖြစ်ပြီး ထရမ့်အစိုးရတက်လာတဲ့အချိန်မှာ ပြောင်းလဲနိုင်တယ်လို့ အဆိုပါ အ မည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ပင်တဂွန်မှာ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ဖို့ဆိုတာကိုတော့ သံသယရှိကြောင်း သတင်းရင်းမြစ်တွေထဲက တစ်ဦးက ပြောပါတယ်။

 

အတိတ်ကာလက ၎င်းကိုဝေဖန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဒေါသတကြီးပြောဆိုခဲ့ပေမဲ့ လက်ရှိရေးဆွဲနေတဲ့ အစီအစဉ်ကို ထရမ့်ကိုယ်တိုင် ထောက်ခံခြင်းရှိမရှိ ကွဲကွဲပြားပြား မသိရသေးပါဘူး။

 

တရားမျှတမှုမရှိတဲ့ဗိုလ်ချုပ်ဆိုးတွေနဲ့ ၂၀၂၁ ခုနှစ်မှာ အာဖဂန်နစ္စတန်က ဖရိုဖရဲဆုတ်ခွာလာရာမှာ တာဝန်ရှိတဲ့ သူတွေကို အလုပ်ဖြုတ်ပစ်မယ်လို့လည်း ထရမ့်က မဲဆွယ်ပွဲမှာတုန်းက ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်မဲဆွယ်ပွဲအဖွဲ့ကို မေးမြန်းရာမှာ ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။

 

အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတွေကို ထရမ့်ပထမအကြိမ်သမ္မတလက်ထက်က ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမာ့ခ်မီလီနဲ့ ဆက်နွယ်မှုရှိသူတွေလို့ လာမယ့်အစိုးရအဖွဲ့က အဓိကအာရုံထား ရှုမြင်နိုင် ကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ဘော့ဝုဒ်ဝဒ်ရေးသားပြီး ပြီးခဲ့တဲ့လက ထုတ်ဝေခဲ့တဲ့ “စစ်ပွဲ”ဆိုတဲ့ စာအုပ်ထဲမှာ “ထရမ့်ဟာ လကျ်ာစွန်းဝါဒီ ဖက်ဆစ်ဖြစ်ပြီး ထရမ့်ရဲ့မဟာမိတ်တွေက သမ္မတဟောင်းကိုသစ္စာမရှိသူအဖြစ် မှတ်ယူပြီး ၎င်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတယ်။” ဆိုတဲ့ မာ့ခ်မီလီပြောဆိုခဲ့တဲ့စကားကို ကိုးကားဖော်ပြခဲ့ပါတယ်။

 

“မာ့ခ်မီလီက ရာထူးတိုးမြှင့် ခန့်အပ်ပေးထားတဲ့လူတိုင်းကတော့ သွားမှာပဲဗျ။” လို့ ဒုတိယမြောက် သတင်းရင်း မြစ်က ပြောပါတယ်။

 

“မာ့ခ်မီလီနဲ့ ဆက်နွယ်တဲ့ လူတိုင်းရဲ့ စာရင်းအသေးစိတ်ကို ပြုစုနေတာဖြစ်ပါတယ်။ သူတို့အားလုံး အလုပ်ဖြုတ် ခံရပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဟာ ကြည်းတပ်၊ ရေတပ်၊ မရိန်းတပ်၊ လေတပ်၊ အမျိုးသားအစောင့်တပ်နဲ့ အာကာသ တပ်ဖွဲ့တို့က အမြင့်ဆုံးအရာရှိကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

 

ဒေါ်နယ်ထရမ့်က Fox News သတင်းဌာနက အစီအစဉ်တင်ဆက်သူ ပိဟဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအ ဖြစ် ရွေးချယ်လိုက်ပြီးနောက် တစ်ရက်အကြာမှာ အခုလို အမေရိကန်တပ်မတော်က ထိပ်တန်းခေါင်းဆောင် တွေကို အလုပ်ဖြုတ်ဖို့ စီစဉ်နေတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

Ref: Trump’s team drawing up list of Pentagon officers to fire, sources say

 

#PeopleMedia


Share this post