• Follow Us on

Home ထရမ့်အာဏာရလာတဲ့အတွက် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်ရွှေ့ပြောင်းနေရာချထားရေးအစီအစဉ် ပယ်ဖျက်နိုင်ဖွယ်ရှိ

ထရမ့်အာဏာရလာတဲ့အတွက် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်ရွှေ့ပြောင်းနေရာချထားရေးအစီအစဉ် ပယ်ဖျက်နိုင်ဖွယ်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉

 

အမေရိကန်ရဲ့ ၄၇ ကြိမ်မြောက် သမ္မတအဖြစ် ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်ရွေးချယ်ခံရပြီးနောက် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ လက်ရှိနေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

အဲဒီအစီအစဉ်ကတော့ ထိုင်းအစိုးရအနေနဲ့ အဆိုပါဒုက္ခသည်စခန်းတွေကို ပိတ်ပစ်နိုင်ရေးအတွက် မြန်မာနိုင်ငံ က တိုင်းရင်းသားလူ နည်းစုဒုက္ခသည် ၆၀,၀၀၀ ဝန်းကျင်ကို ၎င်းတို့ကို အမြဲတမ်းနေထိုင်ခွင့်ပေးမယ့် တတိယ နိုင်ငံတစ်ခုခုမှာ ပြန်လည်နေရာချထားရေးအစီအစဉ်ဖြစ်ပါတယ်။

 

အဲဒီအစီအစဉ်ကို ထိုင်းအစိုးရနဲ့ ဒီမိုကရက်ပါတီဦးဆောင်တဲ့အစိုးရတို့ အရင်က ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

နိုဝင်ဘာ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေကို အနိုင်ရပြီး တက်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့် အရေးပြဿနာတွေကို ဦးစားပေးသူမဟုတ်တဲ့အတွက် အမေရိကန်နိုင်ငံက အဆိုပါအစီအစဉ်ကို ပယ်ဖျက် ကောင်း ပယ်ဖျက်နိုင်ကြောင်း အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ မြှင့်တင်ရေးအဖွဲ့ (AHRLA) ဒါရိုက် တာ ဖိလစ်ရောဘတ်ဆန်က ပြောပါတယ်။

 

ထရမ့်လက်ထက်မှာ အမေရိကန်အစိုးရဟာ ပြည်ပနိုင်ငံတွေက သွင်းကုန်တွေအပေါ် အနိမ့်ဆုံး ၁၀% အခွန် ကောက်ခံပြီး ကုန်သွယ်ရေးမူဝါဒတစ်ခုကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ကြာသပတေးနေ့က Krungthep Turakij သတင်းစာနဲ့ အင်တာဗျူးမှာ ရောဘတ်ဆန်က ပြောပါတယ်။

 

အမေရိကန်နို်င်ငံဟာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ပြည်ပပို့ကုန်ဈေးကွက်ကြီးဖြစ်တဲ့အတွက် သွင်းကုန်စည်းကြပ် ခံကောက်ခံတဲ့ကိစ္စဟာ ထိုင်းပြည်ပပို့ကုန်အခန်းကဏ္ဍကို ထိခိုက်လာမှာဖြစ်ကြောင်း ၎င်းကသတိပေးပါတယ်။

 

ထရမ့်က မဲဆွယ်စည်းရုံးပွဲမှာ ပြောကြားခဲ့သလို အမေရိကန်မှာ နှစ်ပေါင်းများစွာနေထိုင်နေတာကြာပေမဲ့လည်း အမေရိကန်နိုင်ငံသားမဟုတ်သူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့သလိုမျိုး မူဝါဒတွေကို အကောင်အထည်ဖော် လာမယ်ဆိုရင် အမေရိကန်နိုင်ငံတွင်း ဝရုန်းသုန်းကားအခြေအနေမျိုးဖြစ်စေ အကျပ်အတည်းဖြစ်စေ ပေါ်ပေါက် လာနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

 

“နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံခြားသားတွေ ပြန်ပို့ခံရနိုင်ပါတယ်။ အ သက်ကြီးတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ပြန်ပို့ခံရနိုင်တယ်။ အမေရိကန်မှာမွေးတဲ့ သူတို့သားသမီးတွေ ကတော့ အမေရိကန်နိုင်ငံသား အလိုအလျောက်ဖြစ်တာမို့လို့ အမေရိကန်မှာပဲ ကျန်ခဲ့ကြပါလိမ့်မယ်။” လို့ ၎င်း က ပြောပါတယ်။

 

အဲဒီလို ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ခဲ့ရင် မိသားစုတွေ တကွဲတပြားဖြစ်ကုန်ပြီး အစိုးရအာဏာပိုင် တွေနဲ့ ပြည်သူကြားမှာရော ဒီမိုကရက်ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်နေတဲ့ ပြည်နယ်တွေမှာရော ပဋိ ပက္ခတွေဖြစ်ပေါ်လာနိုင်တယ်လို့ ရောဘတ်ဆန်က ပြောပါတယ်။

 

Ref: Trump presidency may end resettlement of Myanmar refugees

 

#PeopleMedia


Share this post