ထရမ့္ႏွင့္မဲဆြယ္စည္း႐ံုးေရးအေကာင့္မ်ားကို Facebook ႏွင့္ Twitter ယာယီပိတ္ပင္
PUBLISHED - August 7, 2020
ဝါ႐ွင္တန္ဒီစီ၊ ၾသဂုတ္ ၆
ကေလးငယ္မ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ကို ခံႏိုင္ရည္႐ွိသေလာက္ျဖစ္သည္ဟု အေမရိကန္သမၼတေဒၚနယ္ ထရမ့္က လူမႈကြန္ရက္တြင္ေရးသားၿပီး ထရမ့္ႏွင့္သူ၏မဲဆြယ္စည္း႐ံုးေရးအဖြဲ႔တင္သည့္ပို႔စ္မ်ားကို Facebook ႏွင့္ Twitter တို႔က အျပစ္ဒဏ္သတ္မွတ္လိုက္သည္။
Fox သတင္းဌာနႏွင့္ေတြ႕ဆံုေမးျမန္းသည့္႐ုပ္သံကို ကိုဗစ္သတင္းမွားမ်ားပါ၀င္ေနသည္ဟုဆိုကာ Facebook ကဖ်က္ခ်ခဲ့သည္။
ထရမ့္၏ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ံုးေရးအေကာင့္မွ အလားတူ႐ုပ္သံကိုမဖ်က္မခ်င္း အေကာင့္ကို ရပ္ဆိုင္းထားမည္ဟု Twitter ကေျပာသည္။
ကေလးမ်ား COVID-19 ကို ခံႏိုင္ရည္မ႐ွိေၾကာင္း အေမရိကန္ျပည္သူ႔က်န္းမာေရးအၾကံျပဳခ်က္မ်ားက ႐ွင္း႐ွင္းလင္း လင္းေဖာ္ျပထားေသာ္လည္း ထရမ့္က မွတ္ခ်က္ျပဳထားျခင္းျဖစ္သည္။
ကို႐ိုနာဗိုင္းရပ္စ္သတင္းမွားမ်ားမူဝါဒအရ သမၼတကို Facebook ကပထမဆံုးအႀကိမ္အေရးယူျခင္းျဖစ္ၿပီး ထရမ့္၏စာမ်က္ ႏွာေပၚမွအေၾကာင္းအရာမ်ားအတြက္ အျပစ္ယူျခင္း ပထမအႀကိမ္မဟုတ္ေခ်။
အလားတူေတြ႕ဆံုေမးျမန္းမႈ႐ုပ္သံကို ျပန္တင္ထားသျဖင့္ ၾကာသပေတးေန႔ေႏွာင္းပိုင္းတြင္ ထရမ့္၏မဲဆြယ္စည္း ႐ံုးေရးအေကာင့္ျဖစ္သည့္ @TeamTrump အေကာင့္ကို ရပ္ဆိုင္းထားေၾကာင္း Twitter ကေျပာသည္။
တြစ္တာ၏ကို႐ိုနာဗိုင္းရပ္စ္သတင္းမွားမ်ားမူဝါဒအရ ရပ္ဆိုင္းထားျခင္းျဖစ္ၿပီး ထိုပို႔စ္ကိုဖ်က္ပါက အေကာင့္ကို ျပန္ခြင့္ျပဳမည္ဟု တြစ္တာေျပာခြင့္ရသူတစ္ေယာက္က တြစ္တာတြင္ေရးသားသည္။
သို႔ေသာ္ စြန္႔ဦးတီထြင္သူ အီလြန္ မက္စ္က္၏ ကေလးငယ္မ်ားသည္ အေျခခံအားျဖင့္ ကို႐ိုနာဗိုင္းရပ္ဒဏ္ခံႏိုင္သည္ဟုဆို သည့္ပို႔စ္သည္ စည္းကမ္းမ်ားကိုမခ်ိဳးေဖာက္ဟု တြစ္တာက မတ္လတြင္ေျပာသည္။
Ref : Facebook and Twitter restrict Trump accounts over ‘harmful’ virus claim
#PeopleMedia
(unicode)
ထရမ့်နှင့်မဲဆွယ်စည်းရုံးရေးအကောင့်များကို Facebook နှင့် Twitter ယာယီပိတ်ပင်
………………………………………………………
ဝါရှင်တန်ဒီစီ၊ ဩဂုတ် ၆
ကလေးငယ်များသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ခံနိုင်ရည်ရှိသလောက်ဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က လူမှုကွန်ရက်တွင်ရေးသားပြီး ထရမ့်နှင့်သူ၏မဲဆွယ်စည်းရုံးရေးအဖွဲ့တင်သည့်ပို့စ်များကို Facebook နှင့် Twitter တို့က အပြစ်ဒဏ်သတ်မှတ်လိုက်သည်။
Fox သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းသည့်ရုပ်သံကို ကိုဗစ်သတင်းမှားများပါဝင်နေသည်ဟုဆိုကာ Facebook ကဖျက်ချခဲ့သည်။
ထရမ့်၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအကောင့်မှ အလားတူရုပ်သံကိုမဖျက်မချင်း အကောင့်ကို ရပ်ဆိုင်းထားမည်ဟု Twitter ကပြောသည်။
ကလေးများ COVID-19 ကို ခံနိုင်ရည်မရှိကြောင်း အမေရိကန်ပြည်သူ့ကျန်းမာရေးအကြံပြုချက်များက ရှင်းရှင်းလင်း လင်းဖော်ပြထားသော်လည်း ထရမ့်က မှတ်ချက်ပြုထားခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သတင်းမှားများမူဝါဒအရ သမ္မတကို Facebook ကပထမဆုံးအကြိမ်အရေးယူခြင်းဖြစ်ပြီး ထရမ့်၏စာမျက် နှာပေါ်မှအကြောင်းအရာများအတွက် အပြစ်ယူခြင်း ပထမအကြိမ်မဟုတ်ချေ။
အလားတူတွေ့ဆုံမေးမြန်းမှုရုပ်သံကို ပြန်တင်ထားသဖြင့် ကြာသပတေးနေ့နှောင်းပိုင်းတွင် ထရမ့်၏မဲဆွယ်စည်း ရုံးရေးအကောင့်ဖြစ်သည့် @TeamTrump အကောင့်ကို ရပ်ဆိုင်းထားကြောင်း Twitter ကပြောသည်။
တွစ်တာ၏ကိုရိုနာဗိုင်းရပ်စ်သတင်းမှားများမူဝါဒအရ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး ထိုပို့စ်ကိုဖျက်ပါက အကောင့်ကို ပြန်ခွင့်ပြုမည်ဟု တွစ်တာပြောခွင့်ရသူတစ်ယောက်က တွစ်တာတွင်ရေးသားသည်။
သို့သော် စွန့်ဦးတီထွင်သူ အီလွန် မက်စ်က်၏ ကလေးငယ်များသည် အခြေခံအားဖြင့် ကိုရိုနာဗိုင်းရပ်ဒဏ်ခံနိုင်သည်ဟုဆို သည့်ပို့စ်သည် စည်းကမ်းများကိုမချိုးဖောက်ဟု တွစ်တာက မတ်လတွင်ပြောသည်။
Ref : Facebook and Twitter restrict Trump accounts over ‘harmful’ virus claim
#PeopleMedia