ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စပ်လျဉ်းပြီး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များဆွေးနွေး
PUBLISHED - October 27, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန် နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ – ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာမှုကဏ္ဍနှင့် ပညာရေးကဏ္ဍအပါအဝင် ဆောင်ရွက်ဆဲ ကဏ္ဍအလိုက် လုပ်ငန်းများဆက်လက်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)နှင့် ဆက်စပ်၍ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးနှင့်စပ်လျဉ်းပြီး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ၊ စွမ်းအင်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
#PeopleMedia