• Follow Us on

Home ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေးအမြဲတမ်းတံခါးဖွင့်ထားဟု ဒုတပ်ချုပ် ပြောကြား

ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေးအမြဲတမ်းတံခါးဖွင့်ထားဟု ဒုတပ်ချုပ် ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄

 

ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေး အမြဲတမ်း တံခါးဖွင့်ထားကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်‌နေ့တွင် စစ်တက္ကသိုလ်ရှိ နည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံစဉ် ပြော သည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယခင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပြီးမြောက်ခဲ့ပြီးဖြစ်သည့် လုပ်ငန်း ၃ ရပ်အစား အခြေအနေ၊ အချိန်အခါနှင့်ကိုက်ညီလျက်ရှိသည့် အချက် (၃) ချက်ကို အစားထိုးချမှတ်ခဲ့ကြောင်း ပြောသည်။

 

နိုင်ငံတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး ဆောင်ရွက်ရန်ကိစ္စ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက်ရန်ကိစ္စနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ထောင်ရန်ကိစ္စ စသည့် လုပ်ငန်းစဉ် ၃ ရပ် အသစ်ကို ပြင်ဆင်ထည့်သွင်းလျက် မူလရှိပြီး ထာဝရ ငြိမ်းချမ်း ရေးဆိုင်ရာကိစ္စနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ပါဝင်သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အသစ်ကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မူလဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေး အမြဲတမ်း တံခါးဖွင့်ထားကြောင်း၊ ဉပဒေနှင့်အညီ လွှတ်တော်မှ တစ်ဆင့် ရပိုင်ခွင့်များကို တောင်းဆိုနိုင်သည့် အခွင့်အရေးရရှိရန် နည်းလမ်းကောင်းများကိုလည်း ဖိတ်ခေါ်၍ ရှင်းလင်းဆွေးနွေးပေးလျက်ရှိကြောင်း၊ ထို့အပြင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် လာမည့် အောက် တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA (၈) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို နေပြည် တော်တွင် ကျင်းပနိုင်ရန်အတွက် အလေးထားစီမံဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုကို အခြေခံ၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးစီး ဦးဆောင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်  လိုအပ်ပါကြောင်း၊ မှန်ကန်မျှတမှုရှိစေရေး အခြေခံကျသည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ခြင်းဆိုင်ရာကိစ္စရပ်များကို  IT နည်းပညာ အသုံးပြုလျက် စိစစ်ဆောင်ရွက်လျက်ရှိခြင်းနှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အကြို ကာလအဖြစ် ယခု  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စ၍ စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

#PeopleMedia


Share this post