ထားဝယ်မြို့၊ ခ-လ-ရ (၂၅) မှ တပ်မတော်သားများ လက်နက်များ ယူဆောင်ထွက်ပြေးသွားသည်ဆိုသည့် သတင်းသည် သတင်းမှားဖြစ်ကြောင်း တပ်မတော်အရာရှိပြောဆို

PUBLISHED - August 19, 2021
ရန်ကုန်၊ သြဂုတ် ၁၉ (People Media)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ခ-လ-ရ(၂၅) မှ တပ်မတော်သားများ လက်နက်များယူဆောင်၍ ထွက်ပြေးသွားသည်ဆိုသောသတင်းသည် သတင်းမှားဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရှိ တပ်မတော် အကြီးအကဲတစ်ဦးက ပြောပါတယ်။
“မီဒီယာအချို့ ခ-လ-ရ ၂၅ က တပ်မတော်သား ၂၅ ယောက် လက်နက်တွေနဲ့ ထွက်ပြေးသွားပြီဆိုတဲ့ ရေးသား ချက်တွေရှိပါတယ်။ အဲ့ဒါက သတင်းမှားပါ။ ထွက်ပြေးမှု မရှိပါဘူး။ ဒီအချိန်မှ တပ်မတော်နဲ့ ပတ်သက်ပြီး ဆိုက်ဝါးတွေ သတင်းမှားဖြန့်တာတွေက နေရာတိုင်းမှာ ရှိနေပါတယ်လို့” အဆိုပါ တပ်မတော်အရာရှိက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆန္ဒပြခြင်း၊ လက်နက်ကိုင်တော်လှန်ခြင်းများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းအပါအဝင် အခြားပြည်နယ်များ၌လည်း အုပ်ချုပ်ရေးမှူးများ လုပ်ကြံခံရမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။
#PeopleMedia #တနင်္သာရီတိုင်း #ထားဝယ်မြို့
(unicode)
…………………………………………………………………….