ထားဝယ်နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီးနှင့် ဌာနမှူး နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် DDMSC တောင်းဆို
PUBLISHED - March 1, 2024
နေပြည်တော်၊ မတ် ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ထားဝယ်တက္ကသိုလ်မှ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးနှစ်ဦးအား PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗထူးတပ်မတော်မှ ဖမ်းဆီးထားခြင်းအပေါ် အမြန်ဆုံး ပြန်လွှတ်ပေးရန် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ (၂၈)ရက်က ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာကျော်အောင်၊ အင်္ဂလိပ် စာဌာနမှ ဌာနမှူး ဒေါ်စုစုလတ်နှင့် မြို့ပြ အင်ဂျင်နီယာဌာနမှူး ဒေါက်တာနန္ဒာလွင်တို့ကို PDF အဖွဲ့တစ်ဖွဲ့ဖြစ် သည့် ဗထူးတပ်မတော်က ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် ကျောင်းအုပ်ကြီးအပါအဝင် (၃)ဦးသည် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ CDM ဝန်ထမ်း ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ပြည်သူများအပေါ် ပြစ်မှုကျူးလွန်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မပြုလုပ်ခြင်းကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် DDMSC မှ တောင်းဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ Non CDM ဝန်ထမ်းအဖြစ် ဆက်လက်ရပ်တည်နေခြင်းသည် နိုင်ငံသားတစ်ဦး အနေဖြင့် ရွေးချယ်ခွင့်ရှိသည့် အခြေခံအခွင့်အရေးဖြစ်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်လာရေးအတွက် ခြိမ်း ခြောက်ဖိအားပေးခြင်း မပြုလုပ်ရန်လည်း DDMSC က တိုက်တွန်းထားသည်။
#PeopleMedia