ထားဝယ်မြို့တွင် စားသောက်ဆိုင်တစ်ဆိုင်၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

PUBLISHED - November 21, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိ “ကိုညီသူ” စားသောက်ဆိုင်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၉ ရက် နေ့လည် ၂ နာရီကျော်တွင် PDF တစ်ဦးမှ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် “ကိုညီ သူ” စားသောက်ဆိုင်သို့မောင်းနှင်လာပြီး ထိုဆိုင်အတွင်း ရှိနေသည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ် ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက်(၂၃) နှစ်အရွယ် ဦးကျော်ဇင်ဦးဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ဘယ်ဘက်ချိုစောင်း၊ ဘယ်ဘက်နံရိုးတို တို့တွင် ဒဏ်ရာ ၁ ချက်စီရရှိပြီး သေဆုံးသွားကြောင်း၊ ထိုအခင်းဖြစ်ေ နရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ ရောက်ရှိလာကြောင်း၊ ရုပ်အလောင်းကို ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia