• Follow Us on
Latest News

Home ထားဝယ်မြို့တွင် အမျိုးသားနှစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

ထားဝယ်မြို့တွင် အမျိုးသားနှစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်

Share this post

နေပြည်တော်၊ သြဂုတ် ၂၅

 

တာနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ရေဝိုင်းရွာလမ်းတွင် အမျိုးသားနှစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

သြဂုတ်လ ၂၃ ရက် မွန်းလွဲ ၂:၁၀ အချိန်တွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း (၂) လောင်းဆေးရုံသို့ ရောက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့မှ သတင်းရရှိသောကြောင့် သွားရောက်စစ်ဆေးရာတွင် အမျိုးသားနှစ်ဦး၏ ခန္တာကိုယ်တွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦးမှာ အသက်(၂၀) ကျော်ရှိပြီး အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို မည်သည့် အတွက်ကြောင့် သေနတ်ဖြင့်ပစ်ခတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post