ထားဝယ်မြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်း သိမ်းဆည်းရမိ

PUBLISHED - October 4, 2023
နေပြည်တော်၊ အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ကင်းကုန်းရွာအနီးတွင် PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့များမှ ကင်းကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း PDF (၁) ဦးကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် PDF အလောင်း (၁) လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်၁၀ တောင့်၊ ၄၀ မမလက်လုပ်ဗုံးသီး ၁၃ လုံး နှင့် လွယ်အိတ်၂ လုံး သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia