ထားဝယ်မြို့နယ် မောင်မယ်ရှောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီး
PUBLISHED - September 27, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူနှင့် ထားဝယ် ဘူတာကြား တံတားအမှတ်(၆ဝ၆) မောင်မယ်ရှောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူဘူတာနှင့် ထားဝယ်ဘူတာအကြား၊ မိုင်တိုင် အမှတ် ၃၆၄/၁၁-၁၂ ရှိ တံတားအမှတ်(၆၀၆)၊ မောင်မယ်ရှောင်တံတားအား စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား၏ အောက်ခံကန့်လန့် ဖြတ်သံဘောင် (၂)ချောင်း၊ အလျားလိုက်သံဘောင်(၂)ချောင်း၊ ၇၅ ပေါင်သံလမ်း(၂)ချောင်း၊ သံလမ်းထိန်း Guard Rail (၂)ချောင်းနှင့် တံတားအထူးသစ်သားဇလီဖားများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီးချို့ယွင်း မှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း(၁၇၂)ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရသည်။
#PeopleMedia