• Follow Us on

Home ထားဝယ်မြို့နယ် NLD လွှတ်တော်ကိုယ်စားဟောင်း ဦးအောင်ဝင်း ကင်ဆာရောဂါဖြင့် သေဆုံး

ထားဝယ်မြို့နယ် NLD လွှတ်တော်ကိုယ်စားဟောင်း ဦးအောင်ဝင်း ကင်ဆာရောဂါဖြင့် သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဝင်းသည် ဩဂုတ်လ ၃ ရက် နံနက်ပိုင်းက ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

အမတ်‌ဟောင်း ဦးအောင်ဝင်းသည် ပြည်တွင်း၌ တိမ်းရှောင်နေရင်း ပါးစောင်ကင်ဆာရောဂါဖြင့် သေဆုံးသွားပြီး သေဆုံးချိန်၌ အသက် ၆၈ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

ဦးအောင်ဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ထားဝယ်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်‌တော်ကိုယ်စား လှယ်အဖြစ် အနိုင်ရခဲ့ပြီး၊ မဲမသမာမှု ဖြစ်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ထားဝယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာကို အနိုင်ရခဲ့သူဖြစ်သည်။

 

NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်း စိုက်ပျိုးရေးဝန်ကြီး တာဝန်ယူခဲ့သော ဦးမြင့်စန်းသည်လည်း ယခုနှစ် မေလ ၁၇ ရက်က သရက်ရွက်ကင်ဆာဖြင့် ထိုင်းနိုင်ငံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post