• Follow Us on

Home ထားဝယ်မြို့ရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့ PDF မှ Drone ဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ်ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ထားဝယ်မြို့ရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့ PDF မှ Drone ဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ်ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန်ငါးလေလံဈေး အတွင်းသို့  ယမန်နေ့မွန်းလွဲပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် အသုံးပြု၍ ဗုံးသီးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအား PDF အမည် ခံအကြမ်းဖက်သမားများက ဈေး၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာမှနေ၍ Drone အသုံးပြု၍ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဈေးဝယ်နေသည့် အသက် (၁၄) နှစ်အရွယ် ကလေး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post