• Follow Us on

Home ထားဝယ်ရေနက်ဆိပ်ကမ်းစီမံချက်တည်ဆောက်ရေးအတွက် ရုရှားကို ရွေးချယ်လိုက်လို့ တရုတ်က မြန်မာကို ဒေါသထွက်နေ

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံချက်တည်ဆောက်ရေးအတွက် ရုရှားကို ရွေးချယ်လိုက်လို့ တရုတ်က မြန်မာကို ဒေါသထွက်နေ

Share this post

နိုင်ငံတကာ၊ မေ ၁၈

 

မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် မကြာသေးခင်ကပဲ ရုရှားနိုင်ငံကို ရွေးချယ် လိုက်တာကြောင့် အဲဒီစီမံချက်တည်ဆောက်ရေးကို စိတ်ဝင်စားကြောင်းပြောဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာ ကြား တင်းမာမှုတွေ မြင့်တက်သွားပါတယ်။

 

ထားဝယ်ရေနက်ဆိပ်ကမ်းကို ထိုင်းအစိုးရနဲ့ မြန်မာအစိုးရကြား နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံချက် တစ်ရပ်အဖြစ် ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

 

တရုတ်သြဇာလွှမ်းမိုးမှုကို ထိန်းညှိဖို့အတွက် မြန်မာနိုင်ငံက ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးမြှင့်တင်နေတဲ့အချိန်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောင်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား လက်ရှိအချိန်မှာ ဆွေး နွေးနေကြပါတယ်။

 

အဆိုပြုထားတဲ့စီမံချက်တွေထဲမှာ တန်ချိန် ၁၀ သန်း လက်ခံနိုင်တဲ့ ဆိပ်ကမ်းတစ်ခုနဲ့ တစ်ရက်ကို ရေနံစည် ၁၀၀,၀၀၀ သန့်စင်ပေးနိုင်တဲ့ ရေနံချက်စက်ရုံတစ်ခုပါဝင်ပါတယ်။

 

ဒါပေမဲ့ မြန်မာ့ဆိပ်ကမ်းကဏ္ဍမှာ ရုရှားနိုင်ငံက အခုလိုပါဝင်ပတ်သက်လာတာဟာ ကျောက်ဖြူမှာရှိတဲ့ တရုတ် စီမံကိန်းတွေကို မှေးမှိန်သွားစေမှာဖြစ်သလို ဒေသတွင်း အနာဂတ်ကာလ ကမ္ဘာ့ကုန်သွယ်ရေး စွမ်းအားတွေကို ထိခိုက်လာမှာကို စိုးရိမ်နေပါတယ်။

 

ရုရှားအစိုးရနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးစားနေတဲ့ မြန်မာအစိုးရဟာ ဆိပ်ကမ်းတည်ဆောက်ရေးစီမံချက်တစ်ခု အတွက်သာမဟုတ်ဘဲ ရေနံချက်စက်ရုံတစ်ရုံပါဝင်တဲ့ အထူးစီးပွားရေးဇုံတစ်ခုတည်ဆောက်ဖို့အတွက်ပါ ရုရှား နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရရှိဖို့ တက်ကြွစွာ ချဉ်းကပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းကို အစောပိုင်းကတည်းက ဖြစ်တန်စွမ်းလေ့လာမှုတစ်ခု ပြလုပ်ခဲ့ပေ မဲ့ အိန္ဒိယနိုင်ငံကတည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းအနီးက ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက် ရေးကို လမ်းကြောင်းပြောင်းခဲ့တာဖြစ်ပါတယ်။

 

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ရုရှားနိုင်ငံက ပါဝင်ဆောင်ရွက်လာမယ့်အရေးဟာ ၎င်းကို ဘေးဖယ် ထုတ်ထားသလို တရုတ်နိုင်ငံက ခံစားနေရတဲ့အတွက် မြန်မာက ရုရှားဘက်ကို ခြေဦးလှည့်နေတာဟာ တ ရုတ်ကို အကြီးအကျယ်ဒေါသထွက်စေတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကပ္ပလီပင်လယ်ပြင်တစ်လျှောက် အရှေ့ဘက်ကမ်းမှာတည်ရှိတဲ့ ထားဝယ်ဆိပ် ကမ်းစီမံချက်ဟာ မဟာဗျူဟာမြောက် အရေးပါတဲ့စီမံချက်ဖြစ်ပါတယ်။

 

မဟာမဲခေါင်ဒေသအဖွဲ့ထဲမှာပါတဲ့ နိုင်ငံတွေကိုသွားရောက်ရာ ဝင်ပေါက်အဖြစ်တာဝန်ထမ်းဆောင်ရင်း ထိုင်းနိုင် ငံဘန်ကောက်နဲ့ နီးကပ်နေတဲ့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံရဲ့ကွန်တိန်နာကုန်သွယ်ရေးအ တွက် အရေးကြီးတဲ့ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

 

ထားဝယ်ဆိပ်ကမ်းတည်ဆောက်ပြီးစီးသွားရင် ထားဝယ်ရေနက်ဆိပ်ကမ်းဟာ အရှေ့တောင်အာရှဒေသရဲ့ အရေးပါတဲ့ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

 

ဒီဆိပ်ကမ်းဟာ မလက္ကကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာ၊ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပနဲ့ အာဖရိကတိုက်မှာရှိတဲ့ နိုင်ငံတွေကို ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

 

ဆိပ်ကမ်းဟာ နှစ်စဉ် ကုန်တင်သင်္ဘော မက်ထရစ်တန်ချိန် ၁၀၀ ကို ဝန်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ ရုရှားနိုင်ငံရဲ့ပါဝင်ပတ်သက်မှုတွေဟာ စီးပွားရေးနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ထက် ကျော်လွန်နေပါတယ်။

 

နှစ်နိုင်ငံကြား သန်းပေါင်းများစွာတန်တဲ့ သဘောတူစာချုပ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုတွေကိုလည်း ရုရှားနိုင်ငံက တိုးချဲ့ဆောင်ရွက်နေပါတယ်။

 

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် စနိုက်ပါနဲ့ ဒရုန်းသင်တန်းတွေ ထောက်ပံ့ပေးနေသလို နျူကလီးယားဓာတ် ပေါင်းဖို အသေးစားတစ်လုံးတည်ဆောက်ပေးဖို့လည်း စဉ်းစားနေကြောင်း Economic Times က ပြောပါတယ်။

 

ဒါ့အပြင် နျူကလီးယားနည်းပညာကဏ္ဍမှာ ရုရှားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မှုဟာ ရန်ကုန်မြို့မှာ နျူကလီး ယားနည်းပညာသတင်းအချက်အလက်စင်တာတစ်ခု တည်ဆောက်တဲ့အထိ မြင့်မားခဲ့ပါတယ်။

 

Ref: China’s Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project

 

#PeopleMedia


Share this post